DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်၊ နေအိမ် ၂၀၀ နီးပါးပျက်စီး
DVB
·
May 17, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်မှာ မေလ ၁၆ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ လေကြောင့် စိုင်ပြင်၊ မင်းဆွေနှစ်၊ ဆည်တော၊ အိမ်ရာ စတဲ့ကျေးရွာတွေမှာ နေအိမ်တွေ အပါအဝင် ဘုန်းကြီးကျောင်းနဲ့ အခြားအဆောက်အဦတွေ လေလန် ပြိုလဲပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လေပြင်းကြောင့် စိုင်ပြင်ရွာမှာ နေအိမ် ၂၂ အိမ်ပြိုကျခဲ့ပြီး ၁၃၀ အိမ် ထိခိုက်ခဲ့ကာ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ အခြား ၁၃ ခုတို့လည်း ပျက်စီးခဲ့ပါတယ်။

မနေ့က တိုက်ခတ်ခဲ့တဲ့ လေကြောင့် ဒီပဲယင်းမြို့နယ်အတွင်းမှာ နေအိမ်ပေါင်း ၁၉၃ အိမ် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

လေပြင်းကျရောက်ရာဒေသကို ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ကြည့်ရှုပြီး ကူညီ ထောက်ပံ့တာတွေလည်း ပြုလုပ်နေပါတယ်။

မနေ့က ပျက်စီသွားတဲ့ နေအိမ်တွေအတွက် ပျက်စီးမှုအပေါ် မူတည်ပြီး စုစုပေါင်း ငွေကျပ် ၈၂ သိန်း ၂ သောင်းကျပ်နဲ့ ပစ္စည်း ၅ မျိုးစီတို့ကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

မေလအတွင်း ဒီပဲယင်းမြို့နယ်မှာ မိုးသီးကြွေ၊ လေပြင်းတိုက်မှု ၃ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာပေါင်း ၁၀ ရွာကျော်မှာ လူ ၂ ဦး ထိခိုက်ဒဏ်ရာရလို့ ဆေးကုသမှု ခံယူနေရသလို တိရစ္ဆာန် ၁ ကောင်လည်း သေဆုံးခဲ့ပြီး လုံးဝပြိုကျပျက်စီးသွားတဲ့ နေအိမ် ၄၈ အိမ် အပါအဝင် နေအိမ် အဆောက်အဦပေါင်း ၅၀၀ ခန့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိ ပျက်စီးမှုတွေကိုတော့ သက်ဆိုင်ရာက ရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013