
ဗြိတိန်အခြေစိုက် Global Witness အဖွဲ့က ရိုက်ကူးထားတဲ့ "ကျောက်စိမ်းနှင့် စစ်ဗိုလ်ချုပ်များ"လို့ အမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်တိုကို ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ပြသပါတယ်။
မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေကို အခြေခံအုတ်မြစ်အသစ် တခုအပေါ် ထူထောင်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို အဓိပ္ပာယ် ပြည့်ဝစွာ ရှေ့ဆက်တိုးတက် ဖြစ်ပေါ်စေဖို့ အတွက် လုပ်ဆောင်ဖို့ လိုအပ်တဲ့ အဆင့်တွေကို ထည့်သွင်း ပြသထားတယ်လို့ သိရပါတယ်။
မှတ်တမ်းရုပ်ရှင်မှာ ဒုက္ခသည်တွေ၊ ဒေသခံ ခေါင်းဆောင်တွေရဲ့ ထွက်ဆိုချက်တွေ၊ တိုက်ခိုက်မှုတွေရပ်ဖို့နဲ့ အဲဒီတိုက်ခိုက်မှုတွေကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတခုဖြစ်တဲ့ ကျောက်စိမ်းလုပ်ငန်းတွေ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ တောင်းဆိုချက်တွေကိုပါ ထည့်သွင်း ဖော်ပြထားပါတယ်။
ဗြိတိန်အခြေစိုက် Global Witness အဖွဲ့ဟာ ပဋိပက္ခတွေ၊ ခြစားမှုတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ စုံစမ်းဖော်ထုတ်တဲ့ အဖွဲ့အစည်းဖြစ်ပြီး စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေ၊ မူးယစ်ရာဇာတွေနဲ့ ခရိုနီကုမ္ပဏီတွေ လက်နက်ကိုင်တွေက ထိန်းချုပ်လုပ်ကိုင်နေတဲ့ မြန်မာ့ ကျောက်စိမ်းထုတ်လုပ်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး "ကျောက်စိမ်း-မြန်မာနိုင်ငံ၏ ကြီးမားသည့်နိုင်ငံတော် လျှို့ဝှက်ချက်" အမည်နဲ့ အစီရင်ခံစာတစောင်ကို ၂၀၁၅ က ထုတ်ပြန်ခဲ့ပါသေးတယ်။










