DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ကို တရားမ၀င် ၀င်ရောက်လာသူများ ဆက်တိုက်ဖမ်းဆီးရမိ
DVB
·
May 17, 2017
ရခိုင်ပြည်နယ်ကို တရားမ၀င် ၀င်ရောက်လာသူများ ဆက်တိုက်ဖမ်းဆီးရမိ
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မေ ၁၅ ရက်မနက်ပိုင်းက ငါးဖမ်း လှေတစင်း ပေါ်ကနေ မသင်္ကာသူ ၄ ဦးကို ဖမ်းဆီးရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ် နယ်မြေ ၅ ရေတွင်းကျွန်း ရွက်ညိုတောင်ချောင်းဝကင်းစခန်းနဲ့ ရေတွင်းကျွန်းချောင်းဝ ကင်းစခန်းအကြား နယ်စပ်ခြံစည်းရိုးအနီးမှာ မေ ၁၅ ရက်မနက်ပိုင်းက ငါးဖမ်းလှေတစီး လှေပေါ်မှာ မောင်တောမြို့နယ် အောက်ပြူးမကျေးရွာနေ မိုဟာမတ်ဖေရုပ်ပါ မသင်္ကာသူ လေးဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ မနက်ပိုင်းကလည်း မောင်တောမြို့နယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေတရားမ၀င် ၀င်ရောက်လာသူ ၆ ဦးကို ရေတွင်းကျွန်းချောင်းဝ ကင်းစခန်း တာဝန်ရှိသူတွေက ဖမ်းဆီးမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသူတွေကို စစ်ဆေးရာမှာ လှေပေါ်မှာ ၈ ဦးပါရှိပြီး အမျိုးသား ၂ ဦးကတော့ လှေပေါ်မှ ခုန်ချထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသူနှစ်ဦးမှာ ဦးရှည်ကျ ကျေးရွာမှာ နေထိုင်တဲ့ ဆာဒက်နဲ့ ရော်ဖီးတို့ဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

သူတို့နှစ်ဦးဟာ ဦးရှည်ကျကျေးရွာကနေ တောင်ပြိုလက်ဝဲဘက်ကို ကားနဲ့သွားရောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ခြေလျင်ဝင်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်င်ကနေ မြန်မာနိုင်ငံဘက်ကို (၁) ဦးလျှင် တာကာငွေ (၂၀၀၀) နှုန်းနဲ့ အဆိုပါ ၆ ဦးအား လှေနဲ့ ခေါ်ဆောင်လာတာလို့ ဆိုပါတယ်။

အလားတူ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပဲပဒုံ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာလည်း မေ ၁၅ ရက်ညနေပိုင်းက တရားမ၀င် လိုက်ပါလာသူ ၁ ဦးနဲ့ ပို့ဆောင်ပေးခဲ့သူ ၁ ဦးကို ဖမ်းဆီးရမိပါတယ်။

အမ်းမြို့နယ်၊ ပဲပဒုံ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မြောက်ဦးမြို့ကနေ မင်းဘူးမြို့ကို သီဟဖုန်းမြင့် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို မေ ၁၅ ရက် ညနေ ၄ နာရီ ၂၀ မိနစ်က စစ်ဆေးခဲ့ရာ စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာနေ မဘူတူကို ရန်ကုန်ကို ပို့ဆောင်ပေးဖို့ ခေါ်လာကြောင်း စစ်ဆေး တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး နေပြည်တော် (စီလမ်းဆုံ)မှာလည်း မေလ ၁၆ရက်နေ့  မနက်ပိုင်းက တရားမဝင်ဝင်ရောက်လာသူ ငါးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၃ဝ/၃) နေပြည်တော် (စီလမ်းဆုံ)တိုးဂိတ်မှာ မနေ့ မနက် ၁၁ နာရီက ပလွေးအမြန်လမ်းရဲတပ်ဖွဲ့က စခန်းမှူးနဲ့အဖွဲ့ဟာ အမြန်လမ်းမကြီးပေါ်မှာ ကုန်တင်ယာဉ်တွေ ဖြတ်သန်းမောင်းနှင်မှု ရှိ/မရှိ စစ်ဆေးနေချိန် မန္တလေး ကနေ ရန်ကုန်ကို ယာဉ်မောင်း ငြိမ်းချမ်း မောင်းနှင်လာတဲ့ ယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်မှာ တရားမဝင် ၀င်ရောက်လာသူ မာမတ်ဂျာကဲရ်၊ မာမွတ်ဆလီ၊ ဖော်ဇော်ကော်ရိမ်း၊ မာနူးနဲ့ ရော်ဟိမ်းပုလား တို့ ၅ ဦးကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေကို ယာဉ်မောင်း ငြိမ်းချမ်းနဲ့ စည်သူတို့က လူတဦးကို ငွေကျပ် ၁ဝ သိန်းနဲ့ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာကနေ ခေါ်ဆောင်လာပြီး ရန်ကုန်မြို့ကို ပို့ဆောင်ပေးတာ စစ်ဆေးတွေ့ရှိရတယ်လိုဆိုပါတယ်။

အဆိုပါဖမ်းဆီးရမိမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ဥပဒေနဲ့အညီ စစ်ဆေး အမှုဖွင့် အရေးယူဖို့ စီစဉ်နေ တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013