DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းမတွင် EXPRESS ယာဉ်မီးလောင်
DVB
·
May 17, 2017
ရန်ကုန်-မန္တလေးအမြန်လမ်းမတွင် EXPRESS ယာဉ်မီးလောင်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ဒီနေ့မနက်က ခရီးသည်မဲ့ EXPRESS ယာဉ်တစ်စီး မီးလောင်ခဲ့ပါတယ်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက “ကားကပျက်လို့ပြင်ဖို့ နေပြည်တော် ဘက်ကို မောင်းလားတာဗျ။ အဲဒီမှာ မီးခိုးတွေထွက်လာလို့ လမ်းဘေးချရပ်ပြီး ကြည့်တဲ့အချိန်မှာ မီးထလောင်တာ။ ယာဉ်ပေါ်မှာတော့ ခရီးသည်မပါဘူး။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် နှစ်ယောက်ထဲဗျ။ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။" လို့ ပြောပါတယ်။

ရန်ကုန်ကနေ နေပြည်တော်ကို ယာဉ်မောင်း သန့်ဇင်ဦး မောင်းနှင်တဲ့ မော်တော်ယာဉ်ဟာ ၉၇ မိုင် ၄ ဖာလုံ နဲ့ ၅ ဖာလုံအကြား အရောက်မှာ အင်ဂျင်ခန်းက မီးခိုးတွေ ထွက်လာလို့ လမ်းဘေးမြေသား လမ်းပေါ်မှာ ချရပ်ချိန် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ယာဉ်မောင်းသန်းဇင်ဦးကို ပြည်သူပိုင်လမ်းမှာ အရမ်းမောင်းခြင်း(သို့) စီးခြင်းနှင့် မီးပေါ့ဆမှုဆိုင်ရာ ပုဒ်မ၊ ရာဇသတ်ကြီးပုဒ်၂၇၉ / ၂၈၅ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။

သတင်း ကျော်အောင် ( ကညွတ်ကွင်း )

ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013