DVB Logo
Home
မြန်မာသတင်း
ဂျပန်နင်ဂျာအဖွဲ့ မြန်မာပြည်လာရောက်သရုပ်ပြမည်
DVB
·
May 17, 2017
ဂျပန်နင်ဂျာအဖွဲ့ မြန်မာပြည်လာရောက်သရုပ်ပြမည်
Donate to DVB

ဂျပန်နိုင်ငံမှ နင်ဂျာအဖွဲ့တခုဖြစ်တဲ့  Raifujin အဖွဲ့ဟာ မြန်မာနိုင်ငံကို လာရောက်ပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ  သရုပ်ပြဖျော်ဖြေဖို့ရှိနေတယ်လို့  ဂျပန်ယဉ်ကျေးမှုအဖွဲ့ Japan Culture Houseက ထုတ်ပြန်ထားပါတယ်။

အခမဲ့ နင်ဂျာပြပွဲကို မေလ ၂၁ ရက်မနက် ၁၀နာရီခွဲမှာ ရန်ကုန်မြို့ MICT Park ကျင်းပဖို့ရှိသလို မေ ၂၃ ရက်မှာ မန္တလေးမြို့ မြို့တော်ခန်းမမှာ Japan Expo Mandalay 2017 ပြပွဲနဲ့အတူ ကျင်းမယ်လို့ ကြေညာထားပါတယ်။

နင်ဂျာသရုပ်ပြမှု အစီအစဉ်မှာ ပရော်ဖက်ရှင်နယ် ဂျပန်နင်ဂျာတွေက လက်နက်ပုန်းနဲ့ ပစ်ခတ်တိုက်ခိုက်နည်း၊ အိုရိဂမိနဲ့  လက်နက်ပုန်းခေါက်နည်းတို့ကိုပါ သင်ကြားပြသပေးမှာဖြစ်ပြီး နင်ဂျာအသုံးအဆောင် ပစ္စည်းအစစ်တွေနဲ့ နင်ဂျာသိုင်းအတတ်ပညာတွေကို စင်တင်ပြသသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013