DVB Logo
Home
မြန်မာသတင်း
ပေါက်တောမြို့တွင် မီးအကြီးအကျယ်လောင်နေ၊ ၃ ဦးဒဏ်ရာပြင်းထန် (ရုပ်သံ)
DVB
·
May 17, 2017
ပေါက်တောမြို့တွင် မီးအကြီးအကျယ်လောင်နေ၊ ၃ ဦးဒဏ်ရာပြင်းထန် (ရုပ်သံ)
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ ရွှေပြည်တန်ဘုတ်ဆိပ်အနီး အကြီးအကျယ်မီးလောင်နေပြီး လူ ၃ ဦးပြင်းထန်စွာဒဏ်ရာရပြီး ၂၀ ခန့် အသေးစားဒဏ်ရာရရှိတယ်လို့ ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွေးက ပြောပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့အခြေအနေနဲ့ ပတ်သက်ပြီးပေါက်တောလူမှုအသင်းက ကိုဇော်မင်းဦးက “မေလ ၁၇ ရက်နေ့ ၈ နာရီခွဲလောက် စတင်မီးလောင်ခဲ့တာ။ အခုအချိန်အထိ မီးငြှိမ်းသတ်နိုင်မှု မရှိသေးဘူးလို့ ပြောပါတယ်။ အပြင်ပေါက်တောဘုတ်ဆိပ်တလျှောက် ဓာတ်ဆီဆိုင်တွေကို မီးကူးစက်လောင်နေတယ်” ပြောပါတယ်။

ပေါက်တောမီးသတ်ဌာနက မီးငြှိမ်းသတ်နေပြီး မင်းပြားမြို့ မီးသတ်ဌာနကလည်း မီးကူညီသတ်ဖို့ ထွက်ခွာသွားပြီးလို့ မင်းပြားမီးသတ်ဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။

ပေါက်တော့မြို့ရဲစခန်းဦးသန်းဌေးကို မနက် ၁၀ နာရီကျော်မှာ ဆက်သွယ်မေးမြန်းရမှာ ဦးနိုင်နိုင်ထွန်း ဆီဆိုင်က စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး လက်ရှိ မီးညွန့်ကျိုးသွားပြီဖြစ်ပေမယ့် ဆက်လက်ငြှိမ်းသတ်နေရဆဲပဲလို့ ပြောပါတယ်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေတွေတော့ လတ်တလော မပြောနိုင်သေးကြောင်းလည်း ရဲမှူး ဦးသန်းဌေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013