DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့က ကျောက်ကြမ်းခင်းလမ်း အပြီးသတ်ရန် ဒေသခံများ တောင်းဆို
DVB
·
May 17, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ထဲက မဲဇလီကုန်းဒေသနဲ့ ကျွဲဆင်းတောင်ရိုးဒေသ လမ်းဖောက်လုပ်မှုကို အမြန်အပြီးသတ်ဖို့ ရွာသားတွေက တောင်းဆိုပါတယ်။

ဒီလမ်းကို ပြည်သူ့ဆောက်လုပ်ရေးက တာဝန်ယူဖောက်လုပ်နေတာဖြစ်ပြီး ၁ လကျော် ကြာသည့်တိုင် အပြီးမသတ်နိုင်သေးလို့ သွားရေးလာရေး ခက်ခဲနေတယ်လို ဒေသခံတဦးက ပြောပါတယ်။

မဲဇလီကုန်း-ကျွဲဆင်းလမ်းမဟာ ၉ မိုင်ကျော် ရှည်လျားပြီး လမ်းမကို ကျောက်ကြီးတွေ ချထားတာဟာ ၁ မိုင်ကျော်လောက် ရှိပါတယ်။

ကျွဲဆင်းဒေသခံ ဦးကျော်ဟန်သာက "လမ်းကို ကျောက်ကြမ်းတွေသာ ချထားတာ ၁ လကျော် ကြာနေပါပြီ။ သွားလာဖို့တွေက ခက်ခဲနေတာပေါ့။ ကျွဲဆင်း ဘုန်းတော်ကြီးကျောင်းကဆို ဆွမ်းခံမကြွတာ ၁ လကျော် ကြာနေပြီ။ ဆွမ်းခံကြွတာက တွန်းလှည်းလေးနဲ့ သွားတာ။ ခု အဲလို တွန်းလှည်းသွားဖို့ နေနေသာသာ လူတောင် မနနည်းသွားနေရပါတယ်။ အဲဒါကို အမြန်ဆုံး သွားလာလို့ရအောင် လုပ်ပေးသင့်တယ်" လို့ ပြောပြပါတယ်။

အင်္ဂပူမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဇင်က ဒီလမ်း ပြီးမြောက်ရေး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“ပြည်သူ့ဆောက်လုပ်ရေး၊ အင်္ဂပူမြို့နယ် လမ်းဦးစီးကို ပြောထားပါတယ်။ ပြီးတော့ တိုင်းက ဆောက်လုပ်ရေးဝန်ကြီး လာကြည်ဖို့ စစ်ဆေးပေးနိုင်ဖို့ စီစဉ်ဆောက်ရွက် နေပါတယ်။”

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013