DVB Logo
Home
မြန်မာသတင်း
၂၀၁၆-၂၀၂၁ အမျိုးသားပညာရေး မဟာဗျုဟာစီမံကိန်း အကောင်အထည်ဆောင်ရွက်မှု ရှင်းလင်း
DVB
·
May 17, 2017
၂၀၁၆-၂၀၂၁ အမျိုးသားပညာရေး မဟာဗျုဟာစီမံကိန်း အကောင်အထည်ဆောင်ရွက်မှု ရှင်းလင်း
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာခန်းမမှာ မေလ ၁၆ ရက်နေ့ မနက်ပိုင်းက အမျိုးသားပညာရေးမဟာဗျုဟာစီမံကိန်း ၅ နှစ်တာ ကာလနဲ့ ပတ်သက်ပြီး စတင် ဆောင်ရွက်နေတဲ့ အခြေအနေကို ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို မဟာဗျုဟာရေးဆွဲရာတွင် ပါဝင်ခဲ့ကြတဲ့ ဆရာ၊ ဆရာမများ၊ ကိုယ်ပိုင်ကျောင်းမှ ဆရာ ဆရာမများ၊ တိုင်းဒေသကြီးလွှတ်တော် ပညာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။

“လာမယ့် ၅ နှစ်တာကာလအတွင်း ကျောင်းသားလူငယ်တွေနဲ့ အရွယ်ရောက်သူတွေ ဘဝတသက်တာ ပညာသင်ယူရရှိနိုင်ဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေဖို့ မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေးစနစ်ကို အဓိကထား ပြောင်းလဲပေးရမှာ ဖြစ်တယ်။ ဒီလို ပြောင်းလဲရာမှာ အရည်အသွေးနဲ့ သာတူညီမျှရရှိပြီး ကလေးများနဲ့ လိုက်လျောညီထွေရှိမယ့် ပညာရေးစနစ်ဟာ မရှိမဖြစ် လိုအပ်မှာဖြစ်တယ်။ ကလေးများအနေနဲ့ အသိပညာသစ်များ တတ်ကျွမ်းမှု၊၊ တီထွင်ဖန်တီးမှုနဲ့ ဆန်းစစ်ဝေဖန်မှုဆိုင်ရာ တိုးတက်မှု၊ ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှုနဲ့ ကျင့်ဝတ်တွေရရှိပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ရွေးချယ်တတ်လာမှာ ဖြစ်တယ်”လို့ ဝန်ကြီးက ပြောကြားသွားပါတယ်။

အမျိုးသားပညာရေး မဟာဗျုဟာစီမံကိန်းနဲ့ပတ်သက်ပြီး စီမံကိန်းပြုစုခဲ့တဲ့ အခြေအနေနဲ့ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေတွေကိုလည်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက ရှင်းလင်းတင်ပြခဲ့ပြီး ကဏ္ဍအလိုက် ခြုံငုံသုံးသပ် ဆွေးနွေးတာတွေ ပြုလုပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013