DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဈေး ကေတီဗွီဆိုင်ဝန်ထမ်းများ ဒုတိယအကြိမ် ဆန္ဒပြ
DVB
·
May 16, 2017
မင်္ဂလာဈေး ကေတီဗွီဆိုင်ဝန်ထမ်းများ ဒုတိယအကြိမ် ဆန္ဒပြ
Donate to DVB

မင်္ဂလာဈေးဝင်းထဲက ကေတီဗွီဆိုင်တွေကို မဖယ်ပေးရင်ဥပဒေအရအရေးယူပြီး ပစ္စည်းတွေကို အမှိုက်အဖြစ် သိမ်းဆည်းမယ်လို့ စည်ပင်ဌာနက စာထုတ်ထားတာကြောင့် ကေတီဗွီ ဆိုင်ဝန်ထမ်းတွေ ဒုတိယအကြိမ် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

နာဆာကေတီဗွီနဲ့ လပ်ကီးကေတီဗွီ၊ 9F ကေတီဗွီတွေကို မေလ ၁၅ ရက် နောက်ဆုံးထား ဖယ်ရှားပေးဖို့ စည်ပင်ခရိုင်မှူး လက်မှတ်နဲ့စာပေးပို့ အကြောင်းထားတာပါ။

စာချုပ်သက်တမ်း နှစ် ၂၀ ကျန်ရှိနေတဲ့ ဒီဆိုင်တွေအနေနဲ့ အသနားခံစာတင်တာတွေ ညှိနှိုင်းပေးဖို့တွေ တောင်းဆိုထားပေမယ့် သက်ဆိုင်တဲ့ ဌာနတွေဘက်က ၁ လကျော်အထိ အဆင်ပြေအောင်ဆောင်ရွက်မှုမရှိတာကြောင့် မေလ ၁၄ ရက်နေ့က တကြိမ်၊ မေလ ၁၆ ရက်နေ့မှာ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ရက်စွဲနဲ့ စည်ပင်ခရိုင်မှူးဘက်က လုပ်ငန်းရှင်တွေ မေလ ၁၅ ရက် ကျော်တဲ့အထိ မလိုက် နာရင် ဥပဒေအရ အရေးယူခံရမဲ့အကြောင်းနဲ့ ပစ္စည်းတွေကို စည်ပင်က အမှိုက်အဖြစ် သိမ်းဆည်းသွားမယ့်အကြောင်း စာထုတ်ထားပါတယ်။

ဒီအပေါ်ကို လုပ်ငန်းရှင် ဦးမောင်မောင်အေးက ခရိုင်မှူးကို ခြိမ်းခြောက်မှုနဲ့ ရဲစခန်းမှာ အမှုဖွင့်ပေးဖို့ တိုင်ချက်ဖွင့်ခဲ့ပေမယ့် ရဲစခန်းက လက်မခံဘဲ တရားရုံးဦးတိုက်လျှောက်ဖို့ နှုတ်နဲ့သာ မင်္ဂလာတောင်ညွန့်စခန်းမှူးက အကြောင်းပြန်ခဲ့တယ်လို့ ဦးမောင်မောင်အေးကပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းရပ်ဆိုင်းထားတာ ၁ လကျော်ကြာပြီမို့ လာမယ့် မေလ ၁၉ ရက်နေ့မှာ လုပ်ငန်းပြန်လည်ပတ်ခွင့်ရရှိဖို့ လုပ်ငန်းရှင်တွေက ထပ်မံတောင်းဆိုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မင်္ဂလာတောင်ညွန့် စည်ပင်ခရိုင်မှူးရုံးကို ဒီဗွီဘီကသွားရောက် ဆက်သွယ်ခဲ့ပေမယ့် ခရီးထွက်သွားကြောင်းနဲ့ လက်ရှိ တာဝန်ယူထားတဲ့ လက်ထောက်ခရိုင်မှူး ကလည်း မြို့တော်ခန်းမကို ဒီကိစ္စနဲ့ ပတ်သက်ပြီးသွားရောက်နေကြောင်း စည်ပင်ဝန်ထမ်း တယောက်ကပြောပါတယ်။

ဒါ့အပြင် လက်ရှိ မဖယ်ရှားပေးတဲ့ ဆိုင်တွေကို အင်အားသုံးဖြေရှင်းတာတွေကို စည်ပင်က လုပ်ဆောင်ဖို့မရှိဘူးလို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013