DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်တွင် အမြန်ရေယာဉ် အင်ဂျင်မှ မီးလောင်၊ ဆိုင်ကယ် ၁ စင်း မီးလောင်ဆုံးရှုံး
DVB
·
May 16, 2017
ကနီမြို့နယ်တွင် အမြန်ရေယာဉ် အင်ဂျင်မှ မီးလောင်၊ ဆိုင်ကယ် ၁ စင်း မီးလောင်ဆုံးရှုံး
1 / 3
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဘုန်းမ္မဇင်းအုပ်စု တအုံကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း မုံရွာမြို့ကနေ ခန္တီးမြို့သို့ ထွက်ခွာလာတဲ့ ဇေယျာသောင်း အမြန်ရေယာဉ်ဟာ မေလ ၁၆ ရက်နေ့ မနက်ပိုင်းက အင်ဂျင်မီးလောင်ကျွမ်းမှုကြောင့် အရေးပေါ် ဆိပ်ကမ်းကပ်ခဲ့ရပါတယ်။

အဆိုပါ ရေယာဉ်အင်ဂျင်မီးလောင်မှုကြောင့် ဆိုင်ကယ် ၁ စင်းပျက်စီးဆုံရှုံးခဲ့ရပြီး ခရီးသည် တွေလည်း ခရီးစဉ်ခတ္တ ရပ်နားခဲ့ရတယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးထွန်းထွန်းက ပြောပါတယ်။

"အင်ဂျင်က စလောင်တာပါ။ ခရီးသည် အသေပျောက်နဲ့ ဒါဏ်ရာရသူကတော့ မရှိပါဘူး။ ခရီးတော့ ကြန့်ကြာသွားတာပေါ့။ အခု အမြန်ယာဉ်မှာ သတ်မှတ်လူဦးရေနဲ့ ကိုက်ညီမှု ရှိ မရှိကို လည်း သက်ဆိုင်ရာက စစ်ဆေးနေပါတယ်။"

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေနဲ့ ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည် အမြန်ရေယာဉ် တွေကို ၂၀၁၆ အောက်တိုဘာ ၁၅ ရက်နေ့က အောင်စိုးမိုးကျော် အမြန်ရေယာဉ် တိမ်းမှောက်အပြီးနောက်ပိုင်းမှာ ခရီးသည် လိုက်ပါဦးရေ ၄၆ ယောက် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အခုလို အမြန်ရေယာဉ်မီးလောင်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များနဲ့ မီးသတ် တပ်ဖွဲ့များမှ ပစ္စည်းဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်ပြီး ဘာကြောင့် လောင်ကျွမ်းရတယ် ဆိုတာနဲ့ ရေယာဉ်မှ တာဝန်ရှိသူကို အရေးယူဖို့ကိုလည်း ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

သတင်း - ရန်နိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013