DVB Logo
Home
မြန်မာသတင်း
လူမျိုး မကွယ်ပျောက်စေရန် ရည်ရွယ်ပြီး  မြိုအမျိုးသားနေ့ ကျင်းပ
DVB
·
May 16, 2017
Donate to DVB

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြန့်ကျဲနေထိုင်တဲ့ လူနည်းစု မြိုတိုင်းရင်းသားတွေရဲ့ ဒုတိယအကြိမ် မြိုအမျိုးသားနေ့ လူထုတွေ့ဆုံပွဲကို ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန့်ဗွေးရွာမှာ မေလ ၁၆ ရက်နေ့ မနက်ပိုင်းက ကျင်းပပါတယ်။

တခြားတိုင်းရင်းသားလူမျိုးတွေမှာ မိမိတို့လူမျိုးအလိုက် အမျိုးသားနေ့တွေ သတ်မှတ် ကျင်းပလာခဲ့ကြတဲ့အတွက် မြိုတိုင်းရင်းသားတွေအနေနဲ့လည်း နှစ်ပေါင်းများစွာ အထွတ်အမြတ်ထား လုပ်ကိုင်တဲ့ တောင်ယာလုပ်ငန်း စတင်တဲ့အချိန်ကို မြိုအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပတာလို့ မြိုအမျိုးသား စာပေ ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးဇနီဖြူက ပြောပါတယ်။

“ကျနော်တို့ မြိုလူမျိုးတွေဟာ တောတောင်တွေမှာ လှည့်လည်နေထိုင်ပြီး တောင်ယာလုပ်ငန်းကိုပဲ လုပ်ကိုင် စားသောက်ကြတဲ့ ရှေးကျတဲ့ မျိုးနွယ်စုတခု ဖြစ်ပါတယ်။ အမျိုးသားနေ့ သတ်မှတ်ဖို့ ဆွေးနွေးကြတဲ့အခါ တောင်ယာလုပ်ငန်းကိုပဲ အဓိက မှီခိုနေကြရတာဖြစ်လို့ တောင်ယာ စတင်တဲ့အချိန်မှာ အမျိုးသားနေ့သတ်မှတ်ဖို့ ဆုံးဖြတ်တဲ့အတွက် မေလထဲမှာ အမျိုးသားနေ့ ကျင်းပကြတာပါ။ ကျနော်တို့လူမျိုးတွေဟာ အဝေးကြီးတွေမှာ နေထိုင်ကြပြီး တမြို့နဲ့ တမြို့ ကူးလူးဆက်ဆံမှု နည်းတဲ့အတွက် ကိုယ့်အမျိုးသားအချင်းချင်း တွေ့ဆုံပြီး စည်းလုံးမှုရနိုင်အောင်၊ ရိုးရာယဉ်ကျေးမှု ထုံးစံတွေ ဖော်ထုတ်နိုင်အောင်ပဲ အဓိကဆောင်ရွက်နေရပါသေးတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ထဲမှာ မိမိတို့ မြိုလူမျိုးနဲ့ ဓလေ့ ဘာသာစကား ဝတ်စားဆင်ယင်မှု တူညီမှုမရှိဘဲ မြိုလူမျိုး အမည်ခံယူလာတဲ့ တခြားတိုင်းရင်းသားတွေလည်း ရှိလာနေတဲ့အတွက် လူမျိုးပျောက်ကွယ်လာမှာ စိုးရိမ်လာနေရတဲ့အပြင် မြိုလူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေ ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှုတွေကို တခြားတိုင်းရင်းသားတွေ သိရှိနိုင်အောင် ရည်ရွယ်ကျင်းပတာလို့လည်း ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ မြိုအမျိုးသားနေ့ပွဲကို ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စတဲ့ မြို့နယ်တွေက မြိုတိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ယဉ်ကျေးမှုအဖွဲ့ဝင် ၂၀၀ ခန့် တက်ရောက်ပြီး ရခိုင်၊ ခမီ၊ မာရမာ၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေလည်း တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013