
ကမ္ဘာမှာ ပြန့်နှံ့နေတဲ့ WannaCry Ransomwareနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းက ကွန်ပြူတာ အသုံးပြုသူတွေအတွက် သတိပေးအကြံပြုချက်တွေ ထုတ်ပြန်လိုက်ပါတယ်။
WannaCry ခေါ် WannaCrypt အမည်ရ ransomware တစ်ခုဟာခုအခါ မှာ တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့နေပြီး ဖောက်ထွင်းခံရတဲ့ Windows သုံး ကွန်ပျူတာတွေထဲက ဖိုင်တွေကို သာမန် ကြည့်ရှု သုံးစွဲခွင့် မပြုနိုင်တော့ဖို့ encrypt လုပ်ကာ သိမ်းဆည်းလိုက်တာပါ။
ဖိုင်တွေကို ပြန်လိုချင်ရင် သတ်မှတ်ထားတဲ့ လိပ်စာတစ်ခုသို့ bitcoin တွေသုံးပြီး ငွေပေးသွင်းပြီး ပြန်လည် ရွေးယူရမယ်လို့ အကျပ်ကိုင် တောင်းဆိုတဲ့စာတွေပေးပို့ တာဖြစ်ပါတယ်။
WannaCryဟာ Microsoft operating system တွေ့ရဲ့ SMB vulnerability ကုဒ်အမှတ် MS17-010 ကို ချနင်းပြီး Exploit အဖြစ် အသုံးပြုထားတာဖြစ်ပြီး Microsoft Windows OS များဖြစ်တဲ့ Windows XP မှစ၍ Windows 10 အထိ SMB Service တွေ run ထားတဲ့ files and folders sharing တွေအတွက် အဓိကထား တိုက်ခိုက်မှု ဖြစ်တယ်လို့ဆိုပါတယ်။
WannaCry ဟာ အခြား ကွန်ပျူတာတွေထံသို့ ကွန်ရက်အတွင်းမှ ဖြစ်စေ၊ email attachment တွေက တဆင့်ဖြစ်စေပျံ့နှံ့နိုင်တယ်လို့ လည်းသိရပါတယ်။
အဆိုပါ တိုက်ခိုက်မှု အန္တရာယ်ကနေ ကာကွယ်ဖို့ Microsoft ကုမ္ပဏီက သက်တမ်း ကုန်နေပြီ ဖြစ်တဲ့ ကွန်ပျူတာ OSတွေသုံးစွဲနေသူတွေ အတွက်ပါ ကာကွယ်ပေးမယ့် update တစ်ခုကို ထုတ်လွှင့်ထားပြီး ဖြစ်ပါတယ်။
Windows XP, Vista, Windows 8, Server 2003 နဲ့ 2008 Editions တွေ အပါအဝင် support မရှိပေမယ့် ဆက်လက်သုံးစွဲနေတဲ့ Windows တွေအားလုံး အတွက် အရေးပေါ် emergency security patch update တစ်ခုကို ထုတ်လွှင့်ထားတယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် ကွန်ပျူတာ သုံးစွဲသူတွေအနေနဲ့ Security Patches and Regular Updates - လုံခြုံရေးဆိုင်ရာ Security Patch တွေနဲ့ ကွန်ပျူတာ OS တွေကို အစဉ်အမြဲ update ပြုလုပ်ဖို့ Regular Backups အဖြစ် မိမိတို့ ကွန်ပျူတာ ဖိုင်တွေကို အခြား လုံခြုံစိတ်ချရတဲ့ တစ် နေရာမှာ အရန်အဖြစ် သိမ်းဆည်းဖို့ အကြံပြုထားပါတယ်။
ဒါအပြင် Antivirus software တွေကို အမြဲ update လုပ်ဖို့နဲ့ မည်သူမှန်း မသိပါက သို့မဟုတ် သိကျွမ်းသူ ဖြစ်သော်လည်း ပုံမှန် မဟုတ်တဲ့ ဖိုင်တွေ ပေးပို့လာပါက နှိပ်ဖွင့် ခြင်းမလုပ်ဖို့ လည်း မြန်မာကွန်ပျူတာပညာရှင်အသင်းက သတိပေးထားပါတယ်။
အကြံပြုချက်တွေကို အောက်ပါလင့်ခ်မှာလည်း ရယူလေ့လာနိုင်ပါတယ်။
MCPA Advisory in PDF
http://bit.ly/2pCCBdu
WannaCry Wikipedia Page
https://en.wikipedia.org/wiki/WannaCry_ransomware_attack
Computer Emergency Response Team of India
https://www.medianama.com/…/223-cert-in-ransomware-advisory/
Microsoft Security Bulletin MS17-010
https://technet.microsoft.com/library/security/MS17-010
Microsoft Patch for Unsupported Versions such as Windows XP,Vista,Server 2003, Server 2008 etc. http://www.catalog.update.microsoft.com/Search.aspx…
https://www.facebook.com/mcpamyanmar.org/photos/pcb.1501770379843842/1501767466510800/?type=3&theater










