DVB Logo
Home
မြန်မာသတင်း
တကောင်းနီကယ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ
DVB
·
May 16, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းအုပ်စု တကောင်းနီကယ် 15 mcc စက်ရုံက အလုပ်သမားခေါင်းဆောင် အလုပ်ထုတ်ခံရတဲ့အပေါ် မကျေနပ်လို့  အလုပ်သမားတွေ ဒီကနေ့မနက်က ထီးချိုင့်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ထီးချိုင့်မြို့နယ် တရားရုံးလမ်းနဲ့ မြို့ရှောင်လမ်းဆုံရာမှာ အလုပ်သမား ၅၀ လောက် ဆန္ဒပြခဲ့ကြပြီး မြန်မာအလုပ်သမားတွေ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှု အပြည့်အဝရရှိရေးနဲ့ အလုပ်သမားခေါင်းဆောင် ကိုထွန်းထွန်းဝင်းကို ခြွင်းချက်မရှိ အလုပ်ပြန်လည်ခန့်ထားရေး စတဲ့ ကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ကိုထွန်းထွန်းဝင်းက “ကျနော်တို့အလုပ်သမားတွေကို အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုဖြစ်လာရင် ၂၀၁၂ အလုပ်သမားအငြင်းပွားမှု ဥပဒေတွေနဲ့ ဖြေရှင်းရမယ်လို့ သတ်မှတ်ထားတယ်။ မြို့နယ်ဖျန်ဖြေရေး ခုံသမာဓိကောင်စီအဆင့်ဆင့် တက်ပြီးတော့ နိုင်ငံတော်က တရားဝင်ထုတ်ပြန်ထားတာ ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်သည် နိုင်ငံတော်အာဏာကဲ့သို့ အာဏာတည်စေရမယ်လို့ တရားဝင်သတ်မှတ်ထားပါလျက်နဲ့ လုပ်ငန်းရှင်က တရားစွဲဆိုခံပြီး ဒဏ်ကြေးဆောင်ရုံနဲ့ ပြီးတယ်ဆိုရင် ကျနော်တို့အလုပ်သမားတွေအတွက် အများကြီး နစ်နာပါတယ်။ အငြင်းပွားမှု ဥပဒေအရ ခုံကောင်စီ၏ ဆုံးဖြတ်ချက်ကို လုပ်ငန်းရှင်က မလိုက်နာဘူးဆိုရင် စာချွန်တော်တက်ခွင့်ရှိပါတယ်။ အဲဒီအဆင့် မပြီးသေးဘဲနဲ့ တရားစွဲဆိုခံတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ ဒါကို နိုင်ငံတော်လည်း သိစေချင်တယ်။ ၂၀၁၂ အငြင်းပွားမှုမှာပါတဲ့ အားနည်းချက်တွေလည်း ပြင်ဆင်စေချင်တယ်” လို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်ပါဝင်သူ ကိုထွန်းထွန်းဝင်းဟာ ၂၀၁၆ ဒီဇင်ဘာလက လုပ်ငန်းခွင်ဖိနှိပ်ချုပ်ချယ်မှု၊ လုပ်ခလစာနည်းပါးမှု၊ အသက်အာမခံစောင့်ရှောက်မှု မရှိတဲ့အတွက် ငြိမ်းစုစီ ခွင့်ပြုမိန့်သွားတင်ရာကနေ အလုပ်ထုတ်ခံရတာ ဖြစ်ပါတယ်။

တကောင်းနီကယ် 15 mcc စက်ရုံဟာ မြန်မာလုပ်သား ၅၀၀ ကျော်လောက်နဲ့ တရုတ်နိုင်ငံသား ၁၀၀ လောက် လုပ်ကိုင်နေတဲ့စက်ရုံ ဖြစ်ပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013