DVB Logo
Home
မြန်မာသတင်း
ကာတာနိုင်ငံရောက် သူရဦးရွှေမန်း ရခိုင်ပြည်နယ်အရေး ရှင်းလင်းပြောကြား
DVB
·
May 16, 2017
ကာတာနိုင်ငံရောက် သူရဦးရွှေမန်း ရခိုင်ပြည်နယ်အရေး ရှင်းလင်းပြောကြား
Donate to DVB

 

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေမှာ  လူ့အခွင့်အရေးချိုးဖောက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်များ  အထောက်အထား ခိုင်လုံလျင် ဥပဒေနှင့်အညီ အရေးယူမယ်လို့  ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောပါတယ်။

ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပတဲ့  (၁၇) ကြိမ်မြောက် ဒိုဟာဖိုရမ်မှာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းပြောင်းလဲခြင်းနဲ့ ဒုက္ခသည်ကိစ္စတွေနဲ့ ပတ်သက်ပြီး   ဆွေးနွေးပြောကြားခဲ့တာလို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်တွေကို အစိုးရက အကောင် အထည်ဖော်နေကြောင်း၊  ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေရှ်ရှိ ဒုက္ခသည် စခန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်သည်ဆိုတဲ့ စွပ်စွဲချက်တွေကို ဒုသမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ စုံစမ်းရေး ကော်မရှင်က စုံစမ်း စစ်ဆေးနေပြီး  အထောက်အထား ခိုင်လုံရင် ဥပဒေနဲ့ အညီ အရေးယူမယ်လို့ သူရဦးရွှေမန်းကပြောပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဒုက္ခသည်တွေအရေးကို အာရုံစိုက်လာသလို ၊ မြန်မာနိုင်ငံ အနေနဲ့လည်း အရေးကြီးကိစ္စရပ်အဖြစ် အထူး အလေးထားကာ သိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်းနေကြောင်း၊ နိုင်ငံလွတ်လပ်ရေး ရရှိချိန်မှစပြီး ယနေ့တိုင် နှစ်ပေါင်း ၇၀ ခန့်ကြာမြင့်ပြီဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်း ပဆွေးနွေးနေကြောင်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကအကြောင်းရင်းတွေကြောင့် ယနေ့ကမ္ဘာက အာရုံစိုက်လာတဲ့ ရခိုင်ပြည်နယ်အရေးဟာ ပညာရေးအဆင့်အတန်း နိမ့်ကျခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်း၊ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ယုံကြည်မှု မရှိခြင်းတို့ကြောင့်  ဒေသတွင်းတင်းမာမှု ပိုမိုမြင့်တက်လာကြောင်းလည်းပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီက ဒီကိစ္စကိုင်တွယ် ဖြေရှင်းနေပြီး လူသားချင်း စာနာ ထောက်ထားမှု အထောက်အပံ့တွေ ပေးအပ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာအောင်ဆောင်ရွက်တာနဲ့ နိုင်ငံသား စိစစ်ရေးလုပ်ငန်းတွေ မြန်ဆန် ထိရောက်မှု ရှိအောင် အလေးထား လုပ်ဆောင်နေ တယ်လို့ဆိုပါတယ်။

ဒိုဟာဖိုရမ်ကို ကာတာနိုင်ငံ၊ ဒိုဟာမြို့က Sheraton Hotel မှာ မေ ၁၄ ရက် ကနေ မေ ၁၅ ရက်အထိ ၂ရက်ကျင်းပတာဖြစ်ပြီး နိုင်ငံခေါင်းဆောင်တွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ရာနဲ့ချီတဲ့  ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013