DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်နေထိုင်သည့် မြန်မာ ၂၀ ဦး အဖမ်းခံရ
DVB
·
May 16, 2017
ထိုင်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်နေထိုင်သည့် မြန်မာ ၂၀ ဦး အဖမ်းခံရ
Donate to DVB

 

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ထဲမှာ နိုင်ငံထဲ တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ မြန်မာ ၂၀ ဦး ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

တာ့ခရိုင်ဝန်ရဲ့  ညွှန်ကြားချက်အရ ဖုတ်ဖရမြို့နယ် ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးနဲ့ နယ်မြေခံပြည်သူ့ စစ်တွေပူးပေါင်းပြီး နယ်စပ်တလျှောက် တရားမ၀င်နေထိုင်သူတွေ စစ်ဆေးရာမှာ ဖမ်းမိခဲ့တာပါ။

မေလ ၁၃ ရက်နေ့က  လုမ့်ထိုင်းဖတ်ထနားကျေးရွာအုပ်စု နယ်မြေ ၇ ဘန့်ဟွေ့နမ့်ယင် လမ်းရှိ ရွှေ့ပြောင်းအလုပ်သမားတွေ စုဝေးနေထိုင်ရာရပ်ကွက်ကို ၀င်ရောက်  စစ်ဆေးပြီး တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိသူ ၂၀ ဦးကို ဖမ်းဆီးခဲ့တာလို့ ဖုတ်ဖရရဲစခန်း တာဝန်ကျရဲမှူး အနိုးထိုင်း ကျင်းတားမနီးက သတင်းထောက်တွေကို ပြောပါတယ်။

ဖမ်းဆီးရမိသူတွေထဲမှာ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၉ ဦး ပါဝင်ပြီး အားလုံး မြန်မာနိုင်ငံသားတွေဖြစ်ကာ သူတို့ကို ထိုင်းလ၀က ဥပဒေနဲ့အညီ ဆက်လက်အရေးယူသွား မယ်လို့ ရဲမှူးကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013