DVB Logo
Home
မြန်မာသတင်း
ပေါက်တောမြို့တွင် လေဆင်နှာမောင်း တိုက်ခတ်၍ နေအိမ် ၇ လုံး ပျက်စီး၊ စက်လှေ ၁ စီး နစ်မြုပ်
DVB
·
May 16, 2017
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အင်္ဂါရားချိုင်ကျွန်းမှာ လေဆင်နှာမောင်း တိုက်ခတ်လို့ နေအိမ် ၇ လုံး ပျက်စီးသွားပြီး စက်လှေ ၁ စီး နစ်မြုပ်မှု ဖြစ်ပွားခဲ့ပါတယ်။

မေလ ၁၆ ရက်နေ့ မနက် ၇ နာရီဝန်းကျင်လောက်က အင်္ဂါရားချိုင်ကျွန်း သရက်ချောင်းအုပ်စု၊ သရက်ချောင်းကျေးရွာမှာ လေဆင်းနှာမောင်း တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် ၇ လုံး ပျက်စီးသွားတယ်လို့ သရက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်သာက ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့မနက် ၇ နာရီက လေဆင်နှာမောင်းတိုက်တာ။ ပျက်စီးသွားတာ ၇ အိမ်လောက် ရှိပါတယ်။ လောလောဆယ် စာရင်းကောက်ထားပြီးတော့ တင်ပြထားပါတယ်။ ကိုစောသာချေ အိမ်ကတော့ လုံးဝ ပျက်စီးသွားပါတယ်။ အိမ်းခေါင်မိုးတွေ အကာတွေ အကုန်လွင့်ထွက်သွားတယ်။”

ဒါ့အပြင် အဲဒီလေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် သရက်ချောင်းကျေးရွာမှ ၁ မိုင်လောက်ဝေးတဲ့ ရေဗတ်ချိုင်မြစ်ထဲမှာ စက်လှေတစီး နစ်မြုပ်သွားတယ်လို့ သရက်ချောင်းကျေးရွာက ဦးအောင်စံသာက ဒီဗွီဘီကို ပြောပါတယ်။

“ဒီမနက်က မိုးမရွာဘဲ လေက တိုက်လာတာ၊ အရမ်းကို ပြင်းထန်တယ်။ ကျနော့်အိမ်မှာတော့ အကာ အမိုး ပျက်စီးသွားပါတယ်။ ပြီးတော့ ရေဗတ်ချိုင်ကို ဆင်းတဲ့အနားမှာလည်း လေဆင်နှာမောင်းဒဏ်နဲ့ စက်လှေ ၁ စီး နစ်မြုပ်သွားပါတယ်။ မြစ်ရဲ့ ကမ်းစပ်အနားမှာပါ။ ကျနော်တို့ရွာနဲ့ဆိုရင် ၁ မိုင်လောက် ဝေးတယ်။ လူတွေကတော့ ထိခိုက်ဒဏ်ရာတွေ သေဆုံးတာတွေ မရှိဘူး။ စက်လှေကတော့ လုံးဝ နစ်မြုပ်သွားပါတယ်။”

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သစ်ပင်တွေ ပြိုလဲတာ၊ နေအိမ်တွေ အိမ်ခေါင်မိုး ပျက်းစီးတာတွေ၊ ဆုံးရှုံးမှု တန်ဖိုးတွေကို စာရင်းကောက်ယူနေပြီး အထက်ကို တင်ပြဖို့ လုပ်ဆောင်နေတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံအနှံ့အပြား အနောက်လေပွေလှိုင်းတွေကြောင့် မိုးရွာသွန်းတာ၊ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်လာနိုင်တယ်လို့ မိုလေဝသဇလဗေဒက သတင်း ထုတ်ပြန်ထားပါတယ်။

သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ - အောင်ကျော်ထွီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013