DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီကို စစ်ဆေးမည့်သတင်းမဟုတ်မှန်ဟု ရွေးကောက်ပွဲ ကော်မရှင်ပြော
DVB
·
May 16, 2017
ကြံ့ခိုင်ရေးပါတီကို စစ်ဆေးမည့်သတင်းမဟုတ်မှန်ဟု ရွေးကောက်ပွဲ ကော်မရှင်ပြော
Donate to DVB

 

တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ အလွဲသုံးစားမှုတွေနဲ့ပတ်သက်လို့  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို စစ်ဆေးမယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်တဲ့အကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

နယူးဖက်ဒရယ်တိုင်းမ်ဂျာနယ် (New Fedral Times Journal) က ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ ‘ကြံ့ခိုင်ရေးပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ခုံရုံးဖွဲ့စစ်ဆေး မည်’လို့ မေ ၁၄ရက်ကရေးသားခဲ့ပါတယ်။

ဒီလိုရေးသားရာမှာ ယခင်အစိုးရလက်ထက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေ အလွဲသုံးစားမှုတွေနဲ့ပတ်သက်ပြီး အဖွဲ့ဖွဲ့ပြီး စစ်ဆေးမယ့်အကြောင်း  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားခဲ့တယ်ဆိုပြီး ရေးသားဖော်ပြခဲ့ တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး နယူးဖက်ဒရယ်တိုင်းမ်ဂျာနယ်အနေနဲ့ မိမိကို မေးမြန်းခဲ့တာ မရှိသလို ကြံ့ခိုင်ရေးပါတီကိုလည်း စစ်ဆေးသွားဖို့ မရှိဘူးလို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက ဒီဗွီဘီကို ရှင်းလင်း ပြောပါတယ်။

“ကျနော့်ကို ဖုန်းနဲ့ သတင်းထောက်တွေမေးမှ သိရတယ်။ ကျနော့်အနေနဲ့ ပြောရရင်တော့ အွန်လိုင်းပေါ်မှာ ဖော်ပြထားတဲ့ မီဒီယာနဲ့ပတ်သက်လို့ အင်တာဗျူးတာလည်း မရှိဘူး။ မေးမြန်း တာလည်း မရှိဘူး။ ကျနော် ပြောကြားခြင်းလည်း မရှိဘူး။ မဟုတ်မမှန်ရေးတဲ့ သတင်းဌာန ကိုတော့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကနေ ဥပဒေနဲ့အညီ လုပ်ဆောင်သွားမယ်။”

လက်ရှိ နယူးဖက်ဒရယ်တိုင်းမ်ဂျာနယ်ကို မဟုတ်မမှန်သတင်း ရေးသားတဲ့အတွက် ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်ပြတိုင်ကြားဖို့ စီစဉ်နေပြီး ကြံ့ခိုင်ရေးပါတီကတော့ မေ ၁၆ ရက်စွဲနဲ့  တင်ပြတိုင်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013