DVB Logo
Home
မြန်မာသတင်း
နယ်စပ်တမူးမြို့ပေါ်တွင် တညတည်း မိုင်း ၂ လုံး ပေါက်ကွဲမှုဖြစ်
DVB
·
May 16, 2017
Donate to DVB

အိန္ဒိယနယ်စပ် တမူးမြို့ပေါ်မှာ ဒီကနေ့မနက်ပိုင်း ၃ နာရီဝန်းကျင်ခန့်က မိုင်း ၂ လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တမူးမြို့မ ရဲစခန်းက ပြောပါတယ်။

တမူးဒေသခံ အမျိုးသားတဦးက “ပေါက်ကွဲသံ ၂ ချက် ကြားတယ်။ အသံပြင်းတယ်။ တချို့တော့ လန့်လို့ အိမ်မပျော်ကြတော့ဘူး။ မနက်လင်းတော့ မိုင်းကွဲတာလို့ သိရတယ်။ တမူးမှာတော့ ဒီလို အသံမျိုးက မကြာခဏ ကြားနေရတာပါပဲ။ ဖြစ်တတ်ပါတယ်။ မြို့ပေါ် သေနတ်နဲ့ ပေါ်တင်ပစ်ပြေးတဲ့အထိ ဖြစ်ရပ်တွေတောင် ဖြစ်နေတော့ မထူးသလို ဖြစ်နေပြီ” လို့ ပြောပါတယ်။

ပေါက်ကွဲမှုဟာ တမူးမြို့ ဈေးတန်း ၁၀-ရပ်ကွက်တခုတည်းမှာပဲ ဖြစ်ခဲ့တာ ဖြစ်ပြီး အိမ်အမှတ် (၁၀ ဈ/၄၁) ဦးကျင်နိုး အိမ်ခြံစည်းရိုးအနီး ၂ ပေခန့်အကွာမှာ တကြိမ်၊ အိမ်အမှတ် (၁၀ ဈ/၅၄) ဦးစံရှည် နေအိမ် ခြံစည်းရိုးနဲ့ ၂ ပေခန့်အကွာမှာ တကြိမ် ရှေ့ဆင့် နောက်ဆင့် ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တမူးမြို့ ရဲတပ်ဖွဲ့ကတော့ ပေါက်ကွဲခဲ့တဲ့ မိုင်းတွေ ဒေသန္တရ လက်လုံးမိုင်းလို့ ယူဆထားပြီး ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ တမူးမြို့ ရဲတပ်ဖွဲ့အရာရှိတဦးက ပြောပါတယ်။

တမူးမြို့မှာ မြန်မာ့တပ်မတော် မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အချို့လည်း ရှိနေပြီး မကြာခဏ ပစ်ခတ်မှု ပေါက်ကွဲမှု ဖြစ်ပွားတတ်ပေမယ့် အခုနှစ်မှာတော့ ဒီတညတွင်း ၂ ကြိမ် ပေါက်ကွဲမှုဟာ ပထမဆုံး ပေါက်ကွဲမှု ဖြစ်ပဲတယ်လို့ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013