DVB Logo
Home
မြန်မာသတင်း
ကုလအတွင်းရေးမှူးချုပ်ကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ၊ ၂၁ ရာစုပင်လုံညီလာခံတက်ရန် ဖိတ်ကြား
DVB
·
May 16, 2017
ကုလအတွင်းရေးမှူးချုပ်ကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ၊ ၂၁ ရာစုပင်လုံညီလာခံတက်ရန် ဖိတ်ကြား
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်ကိုတွေ့ဆုံပြီး မကြာခင်ကျင်းပတော့မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး တက်ရောက်ဖို့ တရားဝင်ဖိတ်ကြားခဲ့ တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

မေ ၁၅ ရက်က တရုတ်နိုင်ငံ ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ဆုံရာမှာ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ခေါင်းဆောင်များ စားပွဲဝိုင်းဆွေးနွေးပွဲမှာ လည်း ပါဝင် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးရာမှာ အပြန်အလှန် နားလည်မှု၊ လေးစားမှုကို အခြေခံတဲ့ ကောင်းမွန်တဲ့ ပြည်သူ့အချင်းချင်း ဆက်ဆံရေး ရှိမှုနဲ့ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင် တစ်ရပ်ရှိမှုတို့ဟာ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံချက် အောင်မြင်မှုရှိစေရေးအတွက် အဓိက အခြေခံမူတွေ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

အဆိုပါ စားပွဲဝိုင်းဆွေးနွေးပွဲမှာ အိမ်ရှင် တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း (၃၀) မှ နိုင်ငံ/ အစိုးရ အကြီးအကဲတွေ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ ကမ္ဘာဘဏ် ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ပြန်/ဆက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013