DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးဝန်ထမ်းတဦး ‘နင်ပျော်ပါစေ’လို့ ရေးသားထားခဲ့ပြီး ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွား
DVB
·
May 15, 2017
Donate to DVB

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ် ၂၃၃၃ မှာ နေထိုင်တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကုသရေးဌာနက ယာဉ်မောင်းအဆင့် ၄ နဲ့ လုပ်ကိုင်နေတဲ့ ကိုဖြိုးဇေယျာဦးဟာ မေလ ၁၄ ရက်နေ့ ညပိုင်းက ဆွဲကြိုးချ သေဆုံးခဲ့ပါတယ်။

သေဆုံးသူဟာ ညာလက်ဖျံမှာ ဓားနဲ့ ၁၁ ချက်မွှန်းပြီး သွေးနဲ့ ‘နင်ပျော်ပါစေ’လို့ စာသား ရေးထားခဲ့တာကို တွေ့ရပြီး အရက်သောက်ကာ သေကြောင်းကြံစည်ခဲ့တာဖြစ်တယ်လို့ အမှတ် (၇) နယ်မြေရဲစခန်းက ပြောပါတယ်။

“မိန်းမရဲ့အစ်ကို မင်္ဂလာဆောင်ရှိတယ်ဆိုပြီး သွားတာ မနေ့က တနင်္ဂနွေကားနဲ့ ပြန်လာခဲ့ဖို့ ပြန်မလာရင် နောက်ဆုံး မမြင်ရတော့ဘူးဆိုပြီး အသံဖိုင်တွေနဲ့ ပို့ထားတာတွေ လက်မှာလည်း မွှန်းပြီးတော့ နင် မလာရင် ငါ့ကိုယ်ငါ အဆုံးစီရင်မယ်ဆိုပြီး ပို့ထားတာတွေ တွေ့ပါတယ်”လို့ စခန်းမှူး ရဲအုပ်ဇော်မျိုးဝင်းက ပြောပါတယ်။

ကိုဖြိုးဇေယျာဦးဟာ ဇနီးနဲ့ သမီးဖြစ်သူ ရန်ကုန်ကနေ ပြန်မလာတော့အတွက် အရက် သောက် သေကြောင်းကြံစည်ခဲ့တာဖြစ်ပြီး သေဆုံးမှုကို သေမှုသေခင်းအမှတ် (၁/၂၀၁၇) နဲ့ ရဲအုပ်ဇော်လင်းဦးက တရားလိုပြုလုပ် အမှုဖွင့်ထားကာ အလောင်းကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013