DVB Logo
Home
မြန်မာသတင်း
ရခိုင်နှင့်ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရန် အပစ်ရပ် ၈ ဖွဲ့တောင်းဆို
DVB
·
May 15, 2017
ရခိုင်နှင့်ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရန် အပစ်ရပ် ၈ ဖွဲ့တောင်းဆို
Donate to DVB

လာမယ့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှာ ရခိုင်နဲ့ ရှမ်းလူမျိုးတို့ရဲ့ သဘောထားတွေ ပါဝင်တင်ပြနိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပခွင့်ရဖို့ အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင်တွေ မေ ၁၃ နဲ့ ၁၄ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ လူမျိုးရေးပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး ထိရှလွယ်တဲ့ဒေသ ဖြစ်တာကြောင့် ရခိုင်လူမျိုးအလိုက် အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့်မရသေးသလို ရှမ်းလူမျိုးအလိုက် အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲကတော့ ရှမ်းတွေဘက်က တောင်ကြီးနဲ့ ပင်လုံမှာ ကျင်းပဖို့ ခွင့်တောင်းတာကို မြန်မာ့တပ်မတော်က သဘောမတူဘဲ မိုင်းပန်၊ မုံးတော့၊ မုံးထားမှာဘဲခွင့်ပြုတဲ့အတွက် မကျင်းပနိုင်သေးပါဘူး။

ဒါပေမယ့် လာမယ့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ သက်ဆိုင်ရာ လူမျိုးတွေရဲ့ ကိုယ်စားပြုအသံကို တင်ပြနိုင်ဖို့အတွက် ၈ ဖွဲ့ ပေါင်းပြီး အစိုးရဆီ စာရေးတောင်းဆိုဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်တဲ့ RCSS /SSA ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဦးဆောင်အဖွဲ့ဝင် စိုင်းလျန်းက ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားအဖွဲ့အားလုံး ယူပီစီ (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ပါဝင် နိုင်ရေးကိုအဓိက ဆွေးနွေးခဲ့ကြတယ်။ ရခိုင်ရော ရှမ်းရော လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခွင့်ရဖို့ တဖွဲ့ ချင်းအနေနဲ့ တောင်းဆိုထားတာ မရသေးလို့ အခု အပစ်ရပ် ၈ ဖွဲ့ ပေါင်းပြီး အစိုးရဆီကို စာရေးတောင်းဆိုဖို့ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ပါတယ်၊ ဒါမှလည်း ဒီဆွေးနွေးပွဲတွေကနေ ကိုယ့်လူမျိုး တမျိုးသားလုံးရဲ့ ဘုံသဘောထားတွေ ရယူနိုင်မှာဖြစ်တယ်၊ တောင်းဆိုစာကို ရက်ပိုင်းအတွင်း ပေးပို့သွားမယ်။”

အဆိုပါချင်းမိုင် ဆွေးနွေးပွဲဟာ အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အတိုင်ပင်ခံ ဦးခွန်ဆိုင်း၊ RCSS/SSA က ဒုဗိုလ်ချုပ်ကြီး ရွက်စစ် ၊ KNUက ဖဒိုစောမူတူးစေးဖိုးနဲ့ ဖဒိုစောကွယ်ထူးဝင်း၊ PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ CNFက ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ ALPက ဦးခိုင်စိုးနိုင်အောင် နဲ့ ABSDFက ရဲဘော်သံခဲ စတဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013