DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင် ပေါက်ကွဲမှုဖြစ်ပွားရာနေရာအနီး နိုင်ငံခြားသား၂ ဦးအလောင်းတွေ့ရှိ
DVB
·
May 15, 2017
ဘူးသီးတောင် ပေါက်ကွဲမှုဖြစ်ပွားရာနေရာအနီး နိုင်ငံခြားသား၂ ဦးအလောင်းတွေ့ရှိ
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ကျေးရွာအုပ်စု သဲနီရွာအနားမှာ မေလ ၄ ရက်နေ့ ညနေပိုင်းက မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူတွေလို့ ယူဆရတဲ့ နိုင်ငံခြားသား ၂ ဦးအပါအ၀င် အလောင်း ၅ လောင်းကို မိုင်းပေါက်ကွဲခဲ့တဲ့ နေရာနားမှာ နယ်ခြားစောင့်ရဲက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့အဖွဲ့က မိုင်းပေါက်ကွဲခဲ့တဲ့ ကျောင်းတောင်တောင်ရွာ အနီးတဝိုက်မှာ နယ်မြေရှင်းလင်း ဆောင်ရွက်နေစဉ် မေလ ၁၃ ရက်နေ့ ညနေပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။

သဲနီမြိုရွာ အနောက်ဘက်တောင်ခြေမှာ မြေမြှုပ်ထားတဲ့ အလောင်း ၅ လောင်းကို တွေ့ခဲ့ရပြီး အဲဒီအထဲက ပါကစ္စတန်လို့ ယူဆရတဲ့ အမည်မသိ နိုင်ငံခြားသား အလောင်း ၂ လောင်းတွေ့ရတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ သဲနီကျေးရွာနားမှာ ပြည်ပနိုင်ငံသား ၂ ဦးအပါအ၀င် အလောင်း ၅လောင်းကို တူးဖော်တွေ့ရှိတယ်လို့ ဒီကနေ့ အတည်ပြုသတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ နိုင်ငံခြားသားအလောင်းတွေဟာ ဘယ်နိုင်ငံသားတွေလဲဆိုတာကိုတော့ နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ချက်မှာဖော်ပြထားခြင်းမရှိပါဘူး။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ မေ ၁၃ ရက်ညနေပိုင်းက သဲနီကျေးရွာရဲ့ အနောက်မြောက်ဘက် တောင်ခြေရင်းမှာ တူးဖော်စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံသား အလောင်း ၂ လောင်းနဲ့ အတူ တင်းမေ ၃ ရပ်ကွက်နေ မော်လဝီ အဒူကော်ရိန်၊ ကျောင်းတောင် အလယ်ရွာနေ မော်လဝီယာဆိမ့်နဲ့ စာကိုင်းကျေးရွာနေ ဇူပိုင်တို့ ၃ဦး အား တူးဖော်တွေ့ရှိခဲ့လို့ ဘူးသီးတောင်ေ ဆးရုံသို့ပို့အပ်ခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဥပဒေ၊လုပ်ထုံး၊လုပ်နည်းတွေနဲ့ အညီ အမှုဖွင့်အရေးယူနိုင်ဖို့ စီစဉ်နေတယ်လို့လည်းဆိုပါတယ်။

ပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မေ ၅ ရက်ကစပြီး စစ်ဆေးရှင်းလင်းနေပြီး မေ ၇ ရက်က သဲနီကျေးရွာ အနောက်ဘက် တောစပ် ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ ပလတ်စတစ်နဲ့ ထည့်ထားတဲ့ ယမ်း၊ ကန့်၊ မီးသွေးမှုန့် အသင့်ရောစပ်ထားတဲ့ ၅ ပြည်ခန့်ရှိ အထုပ် ၁ ထုပ်၊ လက်လုပ်မိုင်းလုပ်ရာမှာသုံးတဲ့ မီးသွေး၊ ယမ်းမှုန့် ၂ ထုပ်၊ ကားပစ္စတင်အခွံ ၁၀ ခု၊ မိုးကာမြေယာခင်း ၅ ချပ်၊ မီးလောင်ထားတဲ့ ရှပ်အင်္ကျီ ၁ ထည်နဲ့ မိုးကာစ ၁ ချပ်၊ ခြင်ထောင် ၄ လုံး၊ စောင် ၂ ထည်တို့ကို သိမ်းဆည်းရမိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013