DVB Logo
Home
မြန်မာသတင်း
“ရန်ပုံငွေတွေမလွှဲခဲ့ကိစ္စ သိလို့ ဘာမှမပြောပေမယ့် သူတို့ထဲက မကျေနပ်တဲ့သူတိုင်လို့ စစ်ဆေးခဲ့တာဖြစ်တယ်” - ဦးဝင်းထိန်
DVB
·
May 15, 2017
“ရန်ပုံငွေတွေမလွှဲခဲ့ကိစ္စ သိလို့ ဘာမှမပြောပေမယ့် သူတို့ထဲက မကျေနပ်တဲ့သူတိုင်လို့ စစ်ဆေးခဲ့တာဖြစ်တယ်” - ဦးဝင်းထိန်
Donate to DVB

တိုင်းဒေသကြီး အချို့မှာ ဖြစ်ပေါ်နေတဲ့ အစိုးရဟောင်းရဲ့ ရန်ပုံငွေအရှုပ်အရှင်းကိစ္စတွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် ဦးဝင်းထိန်ကိုမေးမြန်းရာမှာ ရန်ပုံငွေတွေမလွှဲခဲ့တဲ့ ကိစ္စသိလို့ဘာမှမပြောပေမယ့် သူတို့ထဲက မကျေနပ်တဲ့သူတိုင်လို့ စစ်ဆေးခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

“ရန်ပုံငွေတွေဟာ အရင်တိုင်းအစိုးရတွေက သူတို့နည်းသူတို့ဟန်နဲ့ ရထားတဲ့ ငွေတွေဖြစ်တယ်။ နယ်မြေဒေသဖွံ့ဖြိုးရေးဆိုတဲ့ရည်ရွယ်ချက်နဲ့ စာတွေရေးပြီးမှ ရန်ပုံငွေ အဲဒါက သူတို့အစိုးရ တာဝန်မရှိဘူးဆိုလို့ရှိရင် နောက်အစိုးရကိုလွှဲရမှာ မလွှဲဘူး မလွှဲတဲ့ကိစ္စကိုယ်တို့ သိတယ် ဘာမှမပြောဘူး။ အခုသူတို့ထဲက မကျေနပ်တဲ့ကောင်ကတိုင်လို့ စစ်ဆေးတာ” လို့ NLD ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ကပြောပါတယ်။

မကွေးတိုင်းကိစ္စမှာ နောက်ကြောင်းမပြန်ချင်တဲ့အတွက် ပြည်သူလူထုမနာတဲ့နည်းနဲ့ ပြဿနာကိုပြေလည်အောင် ကြိုးစားတာဖြစ်တာကြောင့် ဥပဒေကြောင်းအရ အရေးယူလို့ ရပေမယ့် ပြန်တောင်းတာဖြစ်တယ်လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးက သတင်းထွက်ပေါ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့လည်း ဥပဒေနဲ့ အညီဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

မကွေးတိုင်းမှာတော့ ဝန်ကြီးချုပ်ဟောင်းဦးဖုန်းမော်ရွှေက လွှဲပြောင်းခဲ့ခြင်းမရှိတဲ့ အစိုးရဟောင်း ရန်ပုံငွေတွေကို အရစ်ကျ ပြန်လည်ပေးချေနေပါပြီ။

ဧရာဝတီတိုင်းဒေသကြီးက သတင်းထွက်ပေါ်နေတဲ့ ရန်ပုံငွေကိစ္စအနေနဲ့ ရန်ပုံငွေမဟုတ်ဘဲ ဖောင်ဒေးရှင်းငွေ ၅ ဒသမ ၂ ဘီလျံဖြစ်ပြီး ပြင်ပကရှိငွေဖြစ်တဲ့အတွက် အစိုးရနဲ့မသက်ဆိုင်ဘူးလို့ အရင် ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းကိုကိုက ဖြေကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013