DVB Logo
Home
မြန်မာသတင်း
သံတွဲတွင် ဗုဒ္ဓဆင်းတုတော် ဖျက်ဆီးမှု၊ ဘုန်းကြီးကျောင်းမှ ဖုန်းခိုးသူကို ဖမ်းဆီးအရေးယူ
DVB
·
May 15, 2017
Donate to DVB

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ဘုရားမော်ကျေးရွာ၊ ငွေတောင်စေတီတော်အတွင်းမှာရှိတဲ့ ဗုဒ္ဓဆင်းတုတော်တွေ ဖျက်ဆီးမှုနဲ့ အနီးနား ဘုန်းတော်ကြီးကျောင်းက ဖုန်းခိုးယူသူကို ရွှေလှေရဲစခန်းက ဖမ်းဆီးအရေးယူထားပါတယ်။

မေ ၁၃ ရက်နေ့ မနက်ပိုင်းက ဘုရားမော်ကျေးရွာ၊ ငွေတောင်စေတီတော်ထဲမှာရှိတဲ့ ဗုဒ္ဓဆင်းတုတော် ၄ ဆူ ဖျက်ဆီးမှုနဲ့ အဲဒီအနီးနား ဘုန်းတော်ကြီးကျောင်းက ဖုန်းကို ခိုးယူမှုနဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ ရွှေလှေ ရဲစခန်းမှ စခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။

“ဖြစ်တာက တရက်တည်းမှာ နှစ်မှု ဖြစ်သွားတာပါ။ အဲဒီအနား ဘုန်းကြီးကျောင်းက ဖုန်းတလုံး အရင်ခိုးတယ်။ ပြီးတော့ ဘုရားဆောင် တက်တယ်။ ခဏတဖြုတ် အိပ်တယ်လို့ ပြောတယ်။ မနက် ၅ နာရီလောက်မှာ ဆင်းထုတော်တွေကို ထုခွဲလိုက်တာလို့ ဖြေတယ်။ ဘုန်းကြီးကျောင်းက ဖုန်းခိုးမှုတမှုဖြစ်တဲ့ ပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ထားပါတယ်။ ဆင်းတုတော်ကို ဖျက်ဆီးတဲ့အတွက် ၂၉၅ တို့နဲ့ အမှုဖွင့်ထားပါတယ်။ ကမန်အစ္စလာမ် တဦးပါ။ ကျောင်းအသက်အရကတော့ အသက် ၁၅ နှစ်လို့ ဖော်ပြထားပါတယ်။ အဲဒီကလေး ငယ်ကတည်းက စိတ်မမှန်တဲ့သူတဦးဖြစ်ပြီး ဆင်းတုတော်ကို ထုခွဲချင်စိတ်ပေါ်လာလို့ ထုခွဲလိုက် တာလို့ ရဲစခန်း အများရှေ့မှာ ထွက်ဆိုခဲ့တယ်” လို့ စခန်းမှူးက ဆက်လက်ပြောပါတယ်။

“ကျနော်တို့က သူ့ကို စစ်ဆေးမြန်တဲ့အခါမှာ သူက အများရှေ့မှာ လုပ်တယ်လို့ ဝန်ခံတယ်။ သူ ပြောတာက ဒီရုပ်တုကို ထုခွဲချင်စိတ် ပေါ်လာတယ်။ အဲဒါကြောင့် ထုခွဲလိုက်တယ်လို့ ဖြေပါတယ်။ ပတ်ဝန်းကျင် ပြောတာက သူ ငယ်ငယ်လေးကတည်းက စိတ်မမှန်ဘူးလို့တော့ ပြောတယ်ဗျ။ ဒါပေမယ့် ကျန်မားရေအရ တရားဝင် ဆေးလက်မှတ်တွေ ဘာတွေ မရှိဘူးပေါ့။”

ဗုဒ္ဓဆင်းတုတော်ကို ဖျက်ဆီးတာ အပါအဝင် ဖုန်းခိုးယူနဲ့ပတ်သက်လို့ ရွာသားတွေက ဥပဒေကြောင်းအရ အရေးယူပေးဖို့ ရွှေလှေရဲစခန်းမှာ မေ ၁၃ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့တာပါ။

ဗုဒ္ဓဆင်းတုတော်ကို ဖျက်ဆီးခဲ့သူ နေလင်းစိုး(ခ) စိုးမိုးဦးအသက် (၁၅-နှစ်) ကမန်/အစ္စလာမ်ကို (ပ)၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၉၅ အပြင် (ပ)၈/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စခန်းမှူးက ပြောဆိုပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013