DVB Logo
Home
မြန်မာသတင်း
ရထားနှင့်တိုက်မိပြီး ဆိုင်ကယ်စီးလာသည့် ၉ တန်း ကျောင်းသူ သေဆုံး
DVB
·
May 15, 2017
ရထားနှင့်တိုက်မိပြီး ဆိုင်ကယ်စီးလာသည့် ၉ တန်း ကျောင်းသူ သေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်မှာ မေလ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က ရထားနဲ့ ဆိုင်ကယ်တိုက်မိပြီး ၉ တန်း ကျောင်းသူ ၁ ဦးနေရာမှာပင် သေဆုံးခဲ့တယ်လို့ အုတ်တွင်းနယ်မြေ ရဲတပ်ဖွဲစခန်းက ပြောပါတယ်။

အုတ်တွင်းမြို့ ဈေးရပ်ကွက် ဝေပျံကွင်းကျေးရွာ ရန်ကုန်-မန္တလေး မီးရထားလမ်း ကြေးနန်း မိုင်တိုင်အမှတ် ၁၅၉/၁၀ မှာ တောင်ငူမြို့ဘက်ကနေ ကျွဲပွဲမြို့သို့ စက်ခေါင်းအမှတ် DF-2083 ရထား မောင်းနှင်လာစဉ် အခင်းဖြစ်ပွားရာ မိုင်တိုင်အရောက်မှာ အုတ်တွင်း အ.ထ.ကမှာ ၉ တန်းတက်ရောက်နေတဲ့ မဇူးဇူး မောင်းနှင်လာတဲ့ ဆိုင်ကယ်ဟာ မီးရထားသံလမ်းကို ဖြတ်ကျော် မောင်းနှင်စဉ် ရထားနဲ့ တိုက်မိပြီး အခင်းဖြစ်ပွားရာ နေရာမှာပင် သေဆုံးခဲ့တာပါ။

အုတ်တွင်းမြို့မ နယ်မြေရဲတပ်ဖွဲစခန်း တာဝန်ရှိသူတဦးက "ရထားက ခေါင်းတွဲတစ်တွဲထဲဗျ၊ ကျွဲပွဲမှာ စက်ပျက်နေတယ်ဆိုပြီး ခေါင်းတွဲတတွဲထဲ တောင်ငူဘက်ကနေပြီး ကျွဲပွဲဘက်ကို လာတာ ကောင်မလေးကလည်း သူ့ရွာဘက်ကို ပြန်တာဗျ။ အဲ့ဒီအချိန်မှာ အဆင်ပြေသလို ဖြတ်နေကြတဲ့ တရားမဝင် လမ်းကူးပေါ့။ ဂိတ်တွေ ဘာတွေ မရှိဘူး။ အဲ့ဒီကနေ ကောင်မလေးက ဖြတ်တာ၊ ကောင်မလေးကဖြတ်တော့ ရထားလာတဲ့ အချိန်ကောင်မလေးက အပေါ်ရောက်တဲ့ အချိန်မှာ တိုက်မိသွားတာပါ"လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အုတ်တွင်းမြို့မရဲတပ်ဖွဲစခန်းက (ပ) ၂၀၆/၂၀၁၇ ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေ (၈၅) အရရထားသွားလာစဉ်ရထားပေါ်မှာ တက်ပါလာသူတွေရဲ့ အသက်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် အပြုအမူပြုလုပ်သူ ဇူးဇူးကို အမှုဖွင့်အရေးယူ ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)၊ ဓာတ်ပုံ - အုတ်တွင်းမြို့ ရင်ခုန်သံရှင်ရေးကူညီမှုအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013