DVB Logo
Home
မြန်မာသတင်း
ဘီးလင်းမြို့တွင် ယာဉ်တိမ်းမှောက်ရာ ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရ
DVB
·
May 15, 2017
Donate to DVB

မွန်ပြည်နယ် ဘီးလင်းမြို့ ဗိုလ်တေဇရပ်ကွက်တွင် မေလ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဘီးလင်းမြို့မ ရဲစခန်းက ပြောပါတယ်။

ဖာပွန်မြို့နယ် ဝါးကော်ကျေးရွာနေ ယာဉ်မောင်း ကညောထူး မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ဟာ ဘီးလင်းမြို့ ဗိုလ်တေဇရပ်ကွက်အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်ဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ တာပါ။

ဘီးလင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက "ယာဉ်ကအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကို ထိုးမှောက် သွားတာ။ ယာဉ်ပေါ်ပါလာတဲ့လူတွေထဲမှာ ၃ ဦးကသေဆုံးပြီး ၅ ဦးကဒဏ်ရာရ သွားတယ်။ ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်။ ယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးရမိရေး အတွက်လည်း ဆောင်ရွက်နေပါတယ်''လို့ ပြောပါတယ်။

ယာဉ်ပေါ်လိုက်ပါလာတဲ့ စောကလို့မယ် (၄၀)နှစ်၊ စောဘော်လုံး (၁၅)နှစ်၊ စောဇူမူအေး (၁၅)နှစ်တို့ ၃ ဦးမှာ သေဆုံးသွားပြီး မဖောအယ်မှူး၊ ဒေါ်လှယူ၊ အဲမုဒါး၊ ကျော်ဇင်မောင်၊ သက်စိုးဦး ဘားအံမြို့နယ်နေသူ ၅ ဦးမှာ ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ဘီးလင်းမြို့မရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်း ကညောထူး ကို ဘီးလင်းမြို့မရဲစခန်းမှ ယာဉ်(ပ)၂၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/ ၃၃၈/ ၃၃၇ အရအမှုဖွင့်လှစ်ထားပြီး ထွက်ပြေးသွားတဲ့ မော်တော်ယာဉ်မောင်းကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013