DVB Logo
Home
မြန်မာသတင်း
လူ့​အခွင့်​အ​ရေး​ကိုယ်စား​လှယ် တိုင်း​ရင်း​သား​ပါတီများ​နှင့်​ ​တွေ့​ဆုံမည်
DVB
·
February 1, 2012
လူ့​အခွင့်​အ​ရေး​ကိုယ်စား​လှယ် တိုင်း​ရင်း​သား​ပါတီများ​နှင့်​ ​တွေ့​ဆုံမည်
Donate to DVB

မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ကမ္ဘာ့​ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့​အခွင့်​အ​ရေး​ကိုယ်စား​လှယ် မစ္စတာ ​သောမတ်စ် အို​ဟေး​ ကွင်တား​နား​ Tomas Ojea Quintana ဟာ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ တိုင်း​ရင်း​သား​ပါတီ​တွေနဲ့​ ​တွေ့​ဆုံဖို့​ရှိပါတယ်။

ကင်​တာ​နား

မစ္စတာ ကင်တား​နား​က တိုင်း​ရင်း​သား​ပါတီ​တွေနဲ့​ ​တွေ့​ဆုံလိုတဲ့​အ​ကြောင်း​ ယူအန်ဒီပီ (ကမ္ဘာ့​ကုလသမဂ္ဂဖွံ့​ဖြိုး​ရေး​အစီအစဉ်) ရုံး​က​နေတဆင့်​ ဆက်သွယ်လာတဲ့​အတွက် ​ဖေ​ဖော်ဝါရီ ၃ ရက် ည​နေ ၄ နာရီခွဲက​နေ ၅ နာရီခွဲထိ ယူအန်ဒီပီရုံး​မှာ ​တွေ့​ဆုံကြမှာဖြစ်ပြီး​ တိုင်း​ရင်း​သား​ပါတီ​တွေအ​နေနဲ့​ အချက် ၃ ချက်ကို အဓိကထား​ ​ဆွေး​နွေး​ တင်ပြသွား​မယ်လို့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ​ပြောခွင့်​ရ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။

“ကျ​နော်တို့​ဘက်က​တော့​ အဓိကအား​ဖြင့်​ အချက် သုံး​ချက်​လောက်ကို ​ဆွေး​နွေး​ဖို့​ ရှိပါတယ်။ တစ်အချက်က ကျန်ရှိ​နေ​သေး​တဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ အကုန်လုံး​ ပြန်လွှတ်​ပေး​ဖို့​၊​ နှစ်အချက် တိုင်း​ရင်း​သား​ဒေသမှာ ခံစား​နေရတဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်ခံရမှု​တွေကို အမြန်ဆုံး​ ​ဖြေရှင်း​ပေး​ဖို့​၊​ သုံး​အချက်က​တော့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို လွတ်လပ်ပြီး​ တရား​မျှတမှုဖြစ်​အောင် ကျင်း​ပ​ပေး​ဖို့​နဲ့​ လွှတ်​တော်ထဲမှာ အများ​ဆန္ဒနဲ့​ မကိုက်ညီတဲ့​ တဖက်သတ်ဆန်တဲ့​ ဥပ​ဒေ​တွေကို ပြုပြင်သွား​နိုင်ဖို့​အတွက် ဒီကိစ္စ​တွေကို ဦး​စား​ပေး​ ​ဆွေး​နွေး​သွား​မှာ ဖြစ်ပါတယ်။”

ကုလသမဂ္ဂကိုယ်စား​လှယ်နဲ့​ ရခိုင်ဒီမိုကရေစီအဖွဲ့​ချုပ်က အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်၊​ ဇိုမီး​အမျိုး​သား​ကွန်ဂရက်က ဥက္ကဋ္ဌ ဦး​ပူကျင့်​ရှင်း​ထန်နဲ့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ဦး​ခွန်ထွန်း​ဦး​တို့​လည်း​ သွား​ရောက်​တွေ့​ဆုံမယ်လို့​ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။

တိုင်း​ရင်း​သား​ပါတီ​တွေအ​နေနဲ့​ မစ္စတာကင်တား​နား​နဲ့​ ​တွေ့​ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး​ ၂၀၁၀ ခုနှစ်တုန်း​ကလည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။

ပထမအကြိမ် ​တွေ့​ဆုံမှုက တင်ပြတဲ့​ အချက်အလက်​တွေကို ကုလသမဂ္ဂမှာ တင်ပြခဲ့​တဲ့​အတွက် ကုလသမဂ္ဂအစီရင်ခံစာ​တွေမှာ မြန်မာနိုင်ငံ ပြုပြင်​ပြောင်း​လဲမှုရှိဖို့​ တိုက်တွန်း​ ဖိအား​ပေး​တာ​တွေ ရှိခဲ့​ပါတယ်။

ဒီတ​ခေါက်မှာလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အား​လုံး​လွတ်​မြောက်ဖို့​နဲ့​ ဧပြီလ ကြား​ဖြတ်​ရွေး​ကောက်ပွဲဟာ ပွင့်​လင်း​မြင်သာမှု​တွေ ရှိလာမယ်လို့​ ​မျှော်လင့်​ကြောင်း​၊​ ဖြစ်နိုင်ရင် မစ္စတာကင်တား​နား​ကို တိုင်း​ရင်း​သား​ဒေသ​တွေမှာပါ သွား​ရောက်​လေ့​လာ​စေလိုတဲ့​ ဆန္ဒရှိ​ကြောင်း​ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။

မစ္စတာ ကင်တား​နား​ဟာ ကချင်ပြည်နယ်နဲ့​ မွန်ပြည်နယ်ကိုလည်း​ သွား​ရောက်မယ်လို့​ သတင်း​တွေ ထွက်​ပေါ်​နေပါတယ်။

မစ္စတာ ​သောမတ်စ် အို​ဟေး​ ကင်တား​နား​ဟာ မြန်မာနိုင်ငံကို မ​နေ့​ ( ဇန်နဝါရီ ၃၁ ရက်) က ​နေ့​လည်ပိုင်း​မှာ ​ရောက်ရှိလာပြီး​ ၆ ရက်ကြာ ​နေထိုင်ဖို့​ရှိပါတယ်။ ဒီက​နေ့​မှာ​တော့​ ​နေပြည်​တော်ကို သွား​ရောက်ပြီး​ အစိုး​ရအဆင့်​မြင့်​ တာဝန်ရှိသူ​တွေနဲ့​ ​တွေ့​ဆုံမယ်လို့​ ရန်ကုန်အ​ခြေစိုက် ကုလသမဂ္ဂရုံး​က ပြန်ကြား​ရေး​တာဝန်ခံ ဦး​အေး​ဝင်း​က ​ပြောပါတယ်။

အခုတ​ခေါက် ခရီး​စဉ်မှာ လူ့​အခွင့်​အ​ရေး​တိုး​တက်​ပြောင်း​လဲမှု ​တွေ့​ရှိချက်​တွေကို ​ဖေ​ဖော်ဝါရီလ ၅ ရက်​နေ့​မှာ သတင်း​စာ ရှင်း​လင်း​ပွဲ လုပ်ပြီး​ ရှင်း​ပြသွား​မှာဖြစ်ပြီး​ အစီရင်ခံစာ အား​လုံး​ကို​တော့​ မတ်လမှာလုပ်မယ့်​ ၁၉ ကြိမ်​မြောက် လူ့​အခွင့်​အ​ရေး​ကောင်စီ ​ဆွေး​နွေး​ပွဲမှာ တင်ပြသွား​ဖို့​ ရှိတယ်လို့​ ကုလသမဂ္ဂ ထုတ်ပြန်ချက်ထဲမှာ ​ဖော်ပြထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013