DVB Logo
Home
မြန်မာသတင်း
ပေါက်တောမြို့နယ်အတွင်း ကျေးရွာ ၃၀ ကျော် ရေရှားပါးမှုဖြင့် ကြုံနေရ
DVB
·
May 14, 2017
ပေါက်တောမြို့နယ်အတွင်း ကျေးရွာ ၃၀ ကျော် ရေရှားပါးမှုဖြင့် ကြုံနေရ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းက ကျေးရွာပေါင်း ၃၀ ကျော်ဟာ ရေရှားပါးမှုပြဿာနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ဖဒူချေကျေးရွာမှ ကိုမောင်သန်းတင်က “တော်တော်ဆိုးနေပြီဗျ။ ကျနော့်အိမ်မှာ မိသားစု သုံးယောက်ရှိတယ်။ သုံးယောက်လုံး ရေခပ်ဖို့ သွားနေရတယ်။ ရေရဖို့ဆိုတာ နှစ်မိုင်လောက်ကို သွားနေရတာ။ အခြားအလုပ်တွေကို လုပ်ဖို့ကိုမရဘူး။ သောက်ရေကန်တွေမှာလည်း ရေလုံးလုံးကို မရှိတော့ဘူး” လို့ ပြောပါတယ်။

လက်ရှိ ရေရှားပါးမှုကြုံတွေ့နေရတဲ့ပြဿာနာနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တချို့က ကိုယ်ပိုင်ငွေနဲ့ ရေအမြန်ရရှိရေး လုပ်ဆောင်ပေးနေတယ်လို့ ပေါက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်ကျော်ထွေးက ဒီဗွီဘီကို ပြောပါတယ်။

“အခုကဘယ်လောက်ထိ ဆိုးဝါးနေလဲဆိုတော့ ရေအိုးနဲ့ တလုံးရဖို့အတွက် တရက်လုံးစောင့်မှ တလုံးရတယ်။ ရေရဖို့ တမိုင်ကျော်ကျော်လောက်သွားရတယ်။ မြို့ပေါ်မှာရော ကျေးရွာတွေမှာရောရှားတယ်။ အခုဆိုရင်စာရင်းအရ ကျေးရွာပေါင်း ၃၀ ကျော်လောက် ကတော့ ရှိပါတယ်။ တချို့ရွာကဆိုရင် တညလုံးရေရဖို့ ထိုင်စောင့်ရတယ်။ အရမ်းကို ဒုက္ခရောက်နေကြရပါတယ်ခင်ဗျ။ ကျေးရွာတွေမှာ ရေကန်တွေဟာလည်း အကုန်ခန်းခြောက်နေပြီ၊ လက်ရှိအနေအထားမှာတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက အိတ်စိုက်ငွေနဲ့ ရေရှိရေးအမြန်လုပ်ဖို့ ကြိုးစားနေကြပါတယ်။”

လက်ရှိရေးရှားပါးမှုပြဿာနာနဲ့ကြုံတွေ့နေရတဲ့ ကျေးရွာတွေကတော့ အနောက်ဖရုံကာကျွန်း၊ အလယ်ဖရုံ ကာကျွန်း၊ ဖဒူချေကျေးရွာ၊ ဖဒူအလယ်ရွာ၊ ဘုရားချောင်း၊ ပုတင်းကျေးရွာ၊ ငြုမ်းချောင်းအုပ်စု၊ သပြုချိုင်၊ အင်ကြားချိုင်းကျွန်းအရှေ့ဘက်၊ အနောက်ဘက်ကျေးရွာ ၃၀ ကျော်တို့ဖြစ်ပါတယ်။

အခုလို ရေရှားပါးမှုကြုံတွေ့ရတာနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာတွေကို တင်ပြထားပေမယ့် အခုအချိန်ထိလာရောက်ကူညီတာ မရှိသေးဘူးလို့ သူကပြောပါတယ်။

ဒါ့အပြင် သောက်ရေသုံးရေ မသန့်ရှင်းမှုတွေကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေဟာ အများကြီးရှိလာနိုင်တယ်လို့ သူကသုံးသပ်ပြော ဆိုပါတယ်။

သတင်း-ဝဏ္ဏခွာညို

ဓာတ်ပုံ - ထွန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013