DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဈေး ကေတီဗွီ ဆိုင်ရှင်များနှင့်ဝန်ထမ်းများ ဆန္ဒပြ
DVB
·
May 14, 2017
မင်္ဂလာဈေး ကေတီဗွီ ဆိုင်ရှင်များနှင့်ဝန်ထမ်းများ ဆန္ဒပြ
1 / 6
Donate to DVB

မင်္ဂလာဈေးဝင်းထဲက မင်္ဂလာမွန်ဈေးအပေါ်ထပ်မှာရှိတဲ့ စာချုပ်သက်တမ်းကျန်ရှိနေတဲ့ KTV တွေက Lucky KTV Nasa KTV 9F DJ ပိုင်ရှင်တွေနဲ့ ဆိုင်ဝန်ထမ်းအလုပ်သမားတွေဟာ ဆိုင်အပိတ်ခံရတာနဲ့ အလုပ်လက်မဲ့ဖြစ်ပေါ်နေတဲ့အပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သူတို့အနေနဲ့ အများနည်းတူ ရန်ကုန်မြို့က KTV ဆိုင်တိုင်း စာချုပ်ထားသလို တရားဝင်ဖွင့်ခွင့်ရရှိထားတာကြောင့် ရန်ကုန်မြို့ စည်ပင်ပိုင်မြေပေါ်က KTV ဆိုင်တွေဖွင့်ခွင့်ရရင် အများနီးတူဖွင့်ခွင့်ရှိကြောင်း Luck နဲ့ Nasa ဆိုင်ပိုင်ရှင် ဦးမောင်မောင်အေးက မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

မေလ ၁၄ ရက်နေ့မှာ တရားဝင် စာတင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြောင်းနဲ့ စတင်ပိတ်ခိုင်းတဲ့အချိန်ကတည်းက မင်္ဂလာတိုင်ညွန့် လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်လည်း ဒါမျိုးပိတ်ခိုင်းတာ မဖြစ်သင့်တာကြောင့် စည်းကမ်းတကျလွှတ်တော်မှာ တင်ပြပေးမယ်လို့လည်း ပြောသွားကြောင်း ဆိုင်ရှင်တွေကပြောပါတယ်။

ဒီဆန္ဒထုတ်ဖော်မှုကို မင်္ဂလာတောင်ညွန့်က ရဲစခန်းကလည်း ရုန်းရင်းဆန်ခတ်မဖြစ်အောင် လုံခြုံရေးအရ လာရောက်ခဲ့တယ်လို့လည်း ရဲအရာရှိကပြောပါတယ်။ ဆန္ဒထုတ်ဖော်မှုကို မနက် ၁၁ နာရီက နေ ၁ နာရီအထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013