DVB Logo
Home
မြန်မာသတင်း

ရှမ်းတပ်နှင့် တအာင်းတပ်တို့ တကျော့ပြန် တိုက်ပွဲဖြစ်

DVB
·
May 14, 2017
ရှမ်းတပ်နှင့် တအာင်းတပ်တို့ တကျော့ပြန် တိုက်ပွဲဖြစ်
Donate to DVB

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) နဲ့  တအာင်းတပ်မတော် (တီအန်အယ်လ်အေ) တို့အကြား မနေ့က တကျောပြန် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

ကျောက်မဲမြို့နယ် ခွန်ကော်ကျေးရွာမှာ မနေ့ မနက်အစောပိုင်းက တီအန်အယ်လ်အေ တပ်ရင်း ၂၅၆ နဲ့ အာစီအက်စ်အက်စ် တပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ တအာင်းတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲမှာ အာစီအက်စ်အက်စ်တပ်ဖွဲ့က ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက်  တားကျော်ခိုင်၊ တားအိုက်နာန်း၊ ယားအေလာ တို့ရဲ့ နေအိမ် ထိမှန်ခဲ့ပြီး အသက် ၆၀ နဲ့  ၆ နှစ်အရွယ် ကလေး ၂ ဦး လက်နက်ကြီစ ထိမှန် ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

အာစီအက်စ်အက်စ် တပ်ဖွဲ့က တအာင်း နယ်မြေအတွင်း ပြန်လည်ကျူးကျော် ၀င်ရောက်လာရာကနေ နှစ်ဖက် တိုက်ပွဲ ပြန်လည်ဖြစ်ပွားရတာလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

တအာင်းတပ်မတော်နှင့် အာစီအက်စ်အက်စ် တပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က နောက်ဆုံးအကြိမ် ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပြီး မနေ့ကမှ  တစ်ကျော့ပြန်  ထိတွေ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ)ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ် (အန်စီအေ)ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013