DVB Logo
Home
မြန်မာသတင်း
ရေအခက်အခဲဖြစ်နေသည့် တောင်ကြားကျေးရွာကို စစ်ကိုင်းတိုင်းမီးသတ်မှ ရေလှူဒါန်း
DVB
·
May 14, 2017
ရေအခက်အခဲဖြစ်နေသည့် တောင်ကြားကျေးရွာကို စစ်ကိုင်းတိုင်းမီးသတ်မှ ရေလှူဒါန်း
1 / 8
Donate to DVB

မေလဆန်းပိုင်းကစတင်ပြီး သောက်သုံးရေအခက်အခဲကြုံတွေ့နေရတဲ့ မုံရွာမြို့နဲ့ ၁၀ မိုင်ခန့်အကွာက တောင်ကြားကျေးရွာကို စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာနက သောက်ရေသန့်ဘူးကြီး ၅၀ နှင့် သုံးရေဂါလန် ၅၀၀၀ ကို မေလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

တောင်ကြားရွာက အိမ်ခြေ ၂၅၀ ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ရှိပါတယ်။ ရွာမှာစည်ပင်က တူးပေးထားတဲ့ ရေတွင်းသာရှိပြီး ရေငန်သာထွက်ရှိတာကြောင့် သောက်ရေအဖြစ်သုံးလို့ အဆင်မပြေပါဘူး။ မြန်မာ့ဩဘာနဲ့ ကဲမြန်မာက လှုဒါန်းပေးထားတဲ့ ရေတွင်းတွေကလည်း ၂ မိုင်ခန့်ကွာဝေးပြီး ရေထွက်နဲ့ကုန်ကျစရိတ်မကာမိဖြစ်နေတာပါ။

“ဒီလိုရေလှူဒါန်းမှုက အင်မတန် ကုသိုလ်ရတယ်။ ဒါပေမယ့် ရေရှည်အတွက် အဆင်မပြေဘူး။ ရေရှည်အဆင်ပြေအောင်ဆောင်ရွက်မှရမယ်။ ရေလှူတာက ပြည်သူ့အကျိုးပြု လုပ်ငန်းဖြစ်တာနဲ့အညီ ဒီတောင်ကြားရွာကို မနက်တစီး၊ ညနေတစီးလှူပေးနေပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ်၊ ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်တွေက ရေရှားတဲ့ရွာတွေကိုလည်း မီးသတ်တပ်ဖွဲ့က ဦးဆောင်လှူဒါန်းနေပါတယ်။ စုစုပေါင်း ဂါလန် ၃ သောင်းကျော်သွားပြီဖြစ်တယ်” လို့ တိုင်းမီးသတ်တပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှုး ဦးမင်းစမ်းအေး က ဒီဗွီဘီကိုပြောပါတယ်။

တောင်ကြားရွာအနေနဲ့ ရေရရှိရေးအတွက်ပေ ၅၀၀၀ လောက်သာဝေးတဲ့ ရွာအနီးကမ်းနီတမံက ရေရရှိရေးအတွက် မြို့နယ်စီခန့်ကို စာတင်ထားတယ်လို့သိရပါတယ်။

လက်ရှိမှာ လူမှုကွန်ရက်တွေကနေ ရေရှားတဲ့သတင်းတွေပျံ့နှံ့နေတာကြောင့် ပရဟိတအဖွဲ့တွေကလည်း လာရောက်လှူဒါန်းတာတွေရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လင်းက ဒီဗွီကိုပြောပါတယ်။

ရာသီဥတု ဆက်လက်ပူပြင်းပြီး မိုးခေါင်နေဦးမယ်ဆိုရင်တော့ ရေပြဿနာက ဆက်ကြုံရဦးမယ်လို့လည်းဆိုပါတယ်။

တောင်ကြားရွာက မုံရွာမြို့နဲ့ ၁၀ မိုင်လောက်သာဝေးပေမယ့် ချောင်ကျပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ လူသိနည်းတဲ့ ရွာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013