DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် ကျွဲမှောင်ခိုသင်္ဘောနစ်မြုပ်၊ ကျွဲ အကောင် ၅၀ ကျော် သေဆုံး
DVB
·
May 14, 2017
ဘိုကလေးတွင် ကျွဲမှောင်ခိုသင်္ဘောနစ်မြုပ်၊ ကျွဲ အကောင် ၅၀ ကျော် သေဆုံး
Donate to DVB

ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာအုပ်စု ရွှေစံရာချွန်းကနေ တင်ဆောင်သွားတဲ့ ကျွဲမှောင်ခိုသင်္ဘော ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့လို့ ကျွဲအကောင်ရေ ၅၅ ကောင်လောက် သေဆုံးသွားပြီး ကျွဲ ၁၄ ကောင်အရှင်ပြန်ရခဲ့တယ်လို့ ဒေသခံရွာသားတွေက ဒီဗွီဘီကိုပြောပါတယ်။

ကျွဲအကောင်ရေ ၈၀ လောက်ပါတဲ့ ကျွဲတင်သင်္ဘောဟာ မေလ ၁၁ ရက်နေ့ နေ့လယ်မှာ မွန်ပြည်နယ်ဘက်ကို ရောင်းချဖို့ထွက်ခွာချိန် နစ်မြုပ်သွားတာပါ။ သင်္ဘာနစ်မြုပ်ခဲ့လို့ ကျွဲအသေတွေကို ရွှေစံရာချွန်းသောင်ပြင်မှာ အသားအဖြစ်ဖျက်ယူတာတွေရှိခဲ့ပြီး၊ ပင်လယ်ပြင်မှာ မျောပါတာတွေပါ ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျွဲမှောင်ခိုသင်္ဘောနစ်မြုပ်မှုအပေါ် ဒေသခံရွာသားတချို့က တိုင်းအဆင့်အထိ တိုင်ကြားခဲ့လို့ အခုဆိုရင်ခရိုင်ရဲတပ်ဖွဲ့တွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ဒုံကနိကျေးရွာကို လာရောက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘိုကလေးမြို့မရဲတပ်ဖွဲ့က စခန်းမှူးငွေစိုးကို ဆက်သွယ်မေးမြန်ရာမှာတော့ ကျွဲတင်သင်္ဘောနစ်မြုပ်တာဟာ ဘိုကလေးမြို့နယ်အတွင်းမှာ နစ်မြုပ်တာမဟုတ်ကြောင်း၊ စစ်ဆေးမှုတွေဆောင်ရွက်ပြီးရင် အသေးစိတ်အချက်အလက်တွေနဲ့ ပြန်လည်တင်ပြပေးမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၁၆ ခုနှစ်ကလည်း ဘိုကလေးမြို့နယ် ဧရာကျေးရွာအုပ်စု ဆေးရိုးကွင်းကျေးရွာရှေ့က ပင်လယ်ပြင်မှာ ကျွဲတင်သင်္ဘောတစ်စင်းနစ်မြုပ်ခဲ့ပြီး၊ ကျွဲနွားတွေနဲ့အတူ၊ သင်္ဘောမှာ ပါလာသူတွေကို ဒေသခံရွာသားတွေက သက်ဆိုင်ရာ ရဲစခန်းကို သွားရောက်ပို့ပေးခဲ့ပေမယ့် အဲဒီနှစ်မှာ ကျွဲနွားဖမ်းမိတဲ့စာရင်းမရှိဘူးလို့ ကဒုံကနိရဲစခန်းက ပြောဆိုထားတာရှိပါတယ်။

ဘိုကလေးမြို့နယ်အောက်ပိုင်းက လယ်သမားတွေဟာ ကျွဲမှောင်ခို ရောင်းဝယ်တာတွေကြောင့် နှစ်စဉ်ကျွဲပျောက်တာတွေပိုများလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013