DVB Logo
Home
မြန်မာသတင်း
သံတွဲတွင် နွားတင်လာသည့် စက်လှေမှောက်၊ နွားအကောင် ၃၀ ကျော် သေ
DVB
·
May 13, 2017
သံတွဲတွင် နွားတင်လာသည့် စက်လှေမှောက်၊ နွားအကောင် ၃၀ ကျော် သေ
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ လှေကြီးဂျိုင်ရွာနဲ့ ၂ မိုင်ဝန်းကျင်ဝေးတဲ့ ပင်လယ်ထဲမှာ မေလ ၁၁ ရက် မနက် ၁၁ နာရီလောက်က နွားတွေသယ်ဆောင်လာတဲ့ စက်လှေတစီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး နွားအသေကောင် ၃၀ ကျော်  သေဆုံးခဲ့တယ်လို့ သံတွဲမြို့နယ် ကျောက်ကြီးနယ်မြေရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"လှေကြီးဂျိုင်ရွာရဲ့ ၂ မိုင်အကွာမှာပါ။ ကျောက်ကြီး နယ်မြေရဲစခန်းမှ ၁၀ မိုင်ခန့် ဝေးပါတယ်။ ဘင်္ဂလား ပင်လယ်အော် မြန်မာရေပိုင်ထဲမှာ လှေကနစ်မြုပ်သွားတာဖြစ်လိမ့်မယ်။ ကျနော်တို့အရှင် ၅ ကောင်မိတယ်။ သေပြီး ပင်လယ်ကမ်းနားကပ်လာတာ အကောင် ၃၀ ကျော်ပြီ။ အနောက်လေနဲ့တိုက်ပြီး ကျနော်တို့ ကမ်းဘက်ကို ကပ်လာတာ။ နွားတွေသယ်လာတဲ့ လှေကတော့ ပင်လယ်ထဲ ဘယ်နေရာမှာ နစ်မြုပ်သွားမှန်းမသိဘူ။ အဲ့ဒီလှေမှာ နွား ဘယ်နှကောင်ပါတယ်ဆိုတာ ကျနော်တို့လည်း မသိဘူး။ ဒီနွားတွေသယ်လာတဲ့လှေက ဘယ်ကလဲဆိုတာ ကျနော်တို့လဲမသိဘူး။”

ကျောက်ကြီးနယ်မြေရဲစခန်းကို ဒီနွားတွေသယ် ဆောင်လာဖို့ အထောက်အထား တစ်စုံတရာတင်ပြခဲ့တာလည်း မရှိခဲ့ဘူးလို့ သူကဆက်လက်ပြောပါတယ်။

“ကျနော်တို့ဆီမှာတော့ နွားသယ်တဲ့ လိုင်စင်သမားတွေရှိတာပေါ့။ အခုဒီနွားတွေသယ်ဖို့ အထောက်အထား လာပြထားတာမရှိတော့ တရားမဝင် တမြို့နယ်က တမြို့ကို သယ်တာလား မသိဘူးလေ။ လှေမောင်းသူတွေနဲ့ နွားသယ်ဆောင်တဲ့သူတွေကိုတော့ ကျနော်တို့ ရဲစခန်းက စုံစမ်းနေတာပေါ့၊ စုံးစမ်းလို့မရသေးဘူး။ ဘယ်ကနေ ဘယ်လိုသယ်လာတယ်။ ဘယ်ကိုသွားတယ်ဆိုတာကို ကျနော်တို့ ပြောလို့မရဘူး။ လက်ရှိအချိန်မှာတော့ အဲ့ဒီရွာနားက လူတွေ ညှိနှိုင်းပြီးတော့ ပင်လယ်ကမ်းစပ်နားမှာ နွားတွေကို မြေမြှုပ်လိုက်ပြီ။”

အသက်ရှင်ကျန်ရှိတဲ့ နွား ၅ ကောင်ကိုတော့ ထိန်းသိမ်းထားတယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်၊ မိုးကျေးရွာအုပ်စု၊ မိုးကျောက်ကြီးကွင်းရဲ့ အနောက် ၁ မိုင် ပတ်ဝန်းကျင်မှာ တဖက်နိုင်ငံပို့မယ့် နွားအထီး ၁၄၂ ကောင်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။

သတင်း-ဝဏ္ဏခွာညို-ဓာတ်ပုံ- ဒီဗွီဘီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013