DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့နယ်တွင် ဟင်းအိုး အပူလွန်ကဲရာမှ နေအိမ်မီးလောင်
DVB
·
May 13, 2017
မုံရွာမြို့နယ်တွင် ဟင်းအိုး အပူလွန်ကဲရာမှ နေအိမ်မီးလောင်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းမြောက်ကျေးရွာမှာ ဒီနေ့ မနက် ၉ နာရီလောက်က ဦးအောင်မင်းအိမ်မှာ ဟင်းကျန်ပြန်နွှေးရာမှ လျှပ်စစ်ဟင်းချက်ဒယ်အိုး အပူလွန်ကဲကာ သွပ်မိုး၊ ထရံကာ ၂ ထပ်အိမ်တလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ပါတယ်။

မီးလောင်ကျွမ်းရာကို တိုင်း၊ ခရိုင် မီးသတ်ဦးစီးဦးဆောင်တဲ့ မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၁ စီး နဲ့ ပြည်သူတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့လို့ မိနစ် ၃၀ အကြာလောက်မှာ မီးလုံးဝငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာမြို့မရဲစခန်းက မီးပေါ့ဆစွာသုံးစွဲသူ အိမ်ရှင်ဦးအောင်မင်းကို ပုဒ်မ- ၂၈၅ အရ အရေးယူဆောင်ရွက် ထားတယ်လို့ သိရပါတယ်။

ဒီနှစ်အတွင်း မုံရွာမြို့နယ်မှာ ဇန်နဝါရီလကနေ ဧပြီလထိ မီးလောင်မှုအကြိမ်ရေ ၁၁ ကြိမ်၊ ဆုံးရှုံးမှုတန်ဖိုးကျပ် ၁၂၁ သိန်းကျော်ရှိခဲ့ပြီး မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလထိ မီးလောင်မှုအကြိမ်ရေ ၁၇ ကြိမ်၊ ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်း ၂၀ ကျော်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ မီးဘေးကြိုတင်ကာကွယ်မှု၊ အသိပညာပေး ဟောပြောမှု၊ စည်းရှုံးလှုံဆော်မှုတွေကြောင့် မီးလောင်မှု သိသိသာသာ လျော့နည်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမြင့်တက်တာက ဒီနှစ်အတွင်းမှာ စက်သုံးဆီ အရောင်းဆိုင်တွေ ပါဝင်နေတာကြောင့်ဖြစ်တယ်လို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်က ဒီဗွီဘီကိုပြောပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ မီးလောင်မှုအကြိမ်ရေ ၃၃ ကြိမ်ရှိခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ တော့ ယခု၁ကြိမ်သာလောင်ကျွမ်းသေးတာဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုအများဆုံးက ပေါ့ဆမီးကြောင့်ဖြစ်တယ်လို့လည်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013