DVB Logo
Home
မြန်မာသတင်း
ကိုယ်ဝန်ဆောင်အမျိုးသမီးသေဆုံးခဲ့မှု လူထောင်ချီ ဆန္ဒပြ
DVB
·
May 13, 2017
ကိုယ်ဝန်ဆောင်အမျိုးသမီးသေဆုံးခဲ့မှု လူထောင်ချီ ဆန္ဒပြ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာမှာ တိုက်နယ်ဆရာဝန်ရဲ့ ပေါ့ဆမှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး မသေသင့်ဘဲ သေဆုံးခဲ့တဲ့အတွက် ဒေသခံတွေ စုပေါင်းပြီး ဒီနေ့ မနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

“မေလ ၉ ရက်နေ့က ပေါ့။ သေဆုံးသွားတဲ့သူက အသက် ၂၈ နှစ်။ နာမည်က မခိုင်မာနွယ်။ ကျနော့်ခယ်မတော်တာပေါ့။ ကိုယ်ဝန် ၄ လရှိပြီ။ သွေးဆင်းလို့ ဆေးရုံသွားပြတာ။ အဲဒါကို တိုက်နယ်ဆရာဝန်က ကိုယ်ဝန်ပျက်ကျတာ၊ ခွဲရမယ်၊ သားအိမ်ခြစ်ရမယ်ဆိုပြီး ယောက်ျားဖြစ်သူကို လက်မှတ်ထိုးခိုင်းတာ။ ယောက်ျားကလည်း ပျောက်ရင်ပြီးရောဆိုပြီး လက်မှတ်ထိုးပေးလိုက်တာ။ ည ၈ နာရီလောက်ကစခွဲတယ်။ ၁၀ နာရီလောက်ထိမပြီးသေးဘူး။ ဒါနဲ့ ဆွေမျိုးတွေက စိုးရိမ်လို့ လိုက်သွားတာ။ ခွဲခန်းထဲတော့ ဝင်ခွင့်မရဘူး။ အော်သံတွေလည်း ကြားနေရတယ်။ ၁၀ နာရီထိုးပြီးတော့ အခြေအနေမကောင်းဘူးဆိုပြီး မုံရွာဆေးရုံကိုလွှဲတာ။ လမ်းမှာဆုံးတာပဲ။ အဲဒီလိုမျိုးတွေ ဒီနယ်မှာ အရင်ကလည်းဖြစ်ဖူးတယ်။ ဒါကြောင့် မကျေနပ်လို့ ဆန္ဒပြတာပါ" လို့ ခဲအိုတော်စပ်တဲ့ ကိုမောင်ကြူးက ဒီဗွီဘီကိုပြောပါတယ်။

ဆန္ဒပြရာမှာ ဆေးဝါးကုသမှု မှားယွင်းစွာဖြင့် သေဆုံးမှုမရှိစေရေး၊ ကျွမ်းကျင်သော ဆေးဝါးကုသမှုဖြင့် ပြည်သူကိုစောင့်ရှောက်ပေးရေး၊ အရေးပေါ်ကုသခံလူနာများအား အချိန်မီ စောင့်ရှောက်ကယ်တင်ပေးရေး၊ ဆေးဝါးကုသမှုမကျွမ်းကျင်သော ဆရာဝန်အလိုမရှိစတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ကျားတက်ရွာတင်မက ကျားတက်တိုက်နယ်အတွင်း ကျေးရွာတွေက ပြည်သူတွေ ထောင်ချီပါဝင်ခဲ့ပြီး မနက် ၉ နာရီခွဲလောက်မှာ ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားအမှုဖွင့်ထားတာတော့ မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013