DVB Logo
Home
မြန်မာသတင်း
ရေပူတွင် အေးခဲ အမဲသားနှင့် သတ္တုမှုန့်များ ထပ်မံဖမ်းမိ၊ လုံခြုံရေး တိုးမြှင့်
DVB
·
May 13, 2017
ရေပူတွင် အေးခဲ အမဲသားနှင့် သတ္တုမှုန့်များ ထပ်မံဖမ်းမိ၊ လုံခြုံရေး တိုးမြှင့်
1 / 5
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-သိန္နိကြားရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် မေလ ၁၂ ရက်နေ့နဲ့ ၁၃ ရက် ၂ ရက်အတွင်း အေးခဲအမဲသားတွေ၊ အမဲသားခြောက်နဲ့သတ္တုမှုန့်တွေ ဖမ်းဆီးရမိခဲ့ပြီး လုံခြုံရေးပိုင်းကိုလည်း ထပ်မံဖြည့်တင်းဆောင်ရွက်နေတယ်လို့ အကောက်ခွန်ဒုညွှန်မှူးက ပြောပါတယ်။

ရေပူ အကောက်ခွန်ဦးစီဌာန ဒုညွန်ကြားရေးမှူး ဦးတက်ထွန်းအောင်က “ဖမ်းမိတာက မနေ့ညက အိမ်စီးကားလေးစီးနဲ့ ဒီနေ့ မှန်လုံတစီး အိမ်စီးကား တစီး စုစုပေါင်း ၃ စီးမိတယ်။ မနေ့ကတော့ ပိဿချိန် ၆၀၀ ရှိတယ်။ အဲတာက အေးခဲအမဲသား အဆိုတွေ။ ဒီနေ့မိတာက အမဲသားခြောက်တွေရယ်၊ မှန်လုံကားပေါ်မှာ သတ္တုမှုန့်တွေပါ မိတယ်။ သတ္ထုမှုန့်တွေကတော့ အိပ် ၃၀ မိတယ်။ ဒီနေ့မိတာကတော့ အားလုံး မစစ်ဆေးရသေးဘူး။ မိတာကလည်း မကြာသေးဘူးလေ” လို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ အမဲသားတွေနဲ့ သတ္တုမှုန့်တွေကို လားရှိုးအကောက်ခွန်ရုံးကတဆင့် စည်ပင်သာယာကို လွှဲပြီး လေလံတင်လုပ်ငန်းတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ဆိုရပါတယ်။

“အဲဒီလို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတော့ သူတို့လည်း တော်တော်အထိနာသွားတယ်။ ဟိုတခါ ဗုံးပေါက်တုန်းကလည်း လူအထိအခိုက်မရှိတော့ သူတို့လည်း မကျေနပ်ဘူးထင်တယ်။ အဲသတင်းတွေလည်း ကြားနေရတယ်” လို့ သူက ဆက်ပြောပါတယ်။

ရေပူစစ်ဆေးရေးစခန်းမှာ ရဲပိုင်းနဲ့ စစ်တပ်ပိုင်းတွေကို လုံခြုံရေး ဖြည့်တင်းထားတယ်လို့ သိရပါတယ်။

ရေပူစစ်ဆေးရေးဂိတ်မှာ ဇန်နာဝါရီ ၁၆ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့အထိ ဖမ်းဆီးရမိမှုမှာ ကျပ်သိန်း ၃,၅၂၀,၈၄၂,၃၇၅ ကျပ်အထိရှိပြီး သစ်နဲ့ ကျောက်စိမ်းက အများဆုံးဖြစ်ကြောင်း ဦးတက်ထွန်းအောင်က ပြောပါတယ်။

“ဖမ်းဆီးမှုကတော့ ခုလောလောဆယ် ပိုတောင်တက်လာသလိုပဲ။ ဒါပေမယ့် သစ်ကတော့ တော်တော်လေး လျှော့ကျသွားတယ်။ လမ်းကြောင်း အနေအထားအရ သူတို့လုပ်ရကိုင်ရ နည်းနည်းခက်သွားတယ်လေ။ ဦးလေးတို့က ၁၀-၁၅ မိုင်အတွင်းထိ သွားရောက်စစ်ဆေးမှု တွေလုပ်နေတော့ သူတို့ဘက်က သိပ်မလုပ်ရဲဘူး။”

ရေပူစစ်ဆေးစခန်းမှာ လုံခြုံရေးအနေအထား စိုးရိမ်နေရပေမယ့်လည်း ရက်ပိုင်းအတွင်း ၁၅ မှုလောက် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

နိုင်နိုင်

ဓာတ်ပုံ- ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013