DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးပေါ်တွင် မြေသယ်ယာဉ်တစီး မီးလောင်
DVB
·
May 13, 2017
အမြန်လမ်းမကြီးပေါ်တွင် မြေသယ်ယာဉ်တစီး မီးလောင်
1 / 6
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၄/၄)အနီး တွင် မေလ ၁၂  ရက်နေ့ ညနေ ၅ နာရီခွဲလောက်က မြေသယ်ယာဉ်တစီး တိမ်းမှောက်ခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသားသုံးဦး ဒဏ်ရာရှိခဲ့တယ်လို့ အမှတ်- ၃ လမ်းဆုံ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ စခန်း ပြောပါတယ်။

ဖြစ်စဉ်မှာ နေပြည်တော်က ရန်ကုန်ကို ယာဉ်မောင်း ဖြိုးဝင်း မောင်းနှင်းလာတဲ့ ဆယ်ဘီးယာဉ်ဟာ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ် (၄/၄ နဲ့ ၄/၅) အကြားမှာ ၀ဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းမပေါ်မှာ တိမ်းမှောက်ပြီး မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦးလိုက်ပါလာပြီး အနည်းငယ် သာ ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်းနဲ့ လူနာတွေကို လှည်းကူးဆေးရုံ တင်ပို့ ခဲ့ရကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်အား မဆင်မခြင်ပေါ့လျှော့စွာ မောင်းနှင်တဲ့ ယာဉ်မောင်းဖြိုးဝင်းအား အမှတ် ၃ လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းက ရာဇသတ်ကြီး ၃၃၇/၃၃၈/၂၈၅ အရ ဖမ်းဆီးအမှုဖွင့်လှစ်အရေးယူထားကြောင်း သိရပါတယ်။

သတင်း ကျော်အောင် (ကညွတ်ကွင်း)

ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013