DVB Logo
Home
မြန်မာသတင်း
နာမည်ခံဒုက္ခသည်များနှင့် မလိုအပ်ဘဲ IDP စခန်းများ ဖွင့်ထားမှုရှိနေဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
May 13, 2017
နာမည်ခံဒုက္ခသည်များနှင့် မလိုအပ်ဘဲ IDP စခန်းများ ဖွင့်ထားမှုရှိနေဟု ဗိုလ်ချုပ်မှူးကြီးပြော
Donate to DVB

မြန်မာနိုင်ငံတွင်း နာမည်ခံဒုက္ခသည်စခန်းဖွင့်လှစ်ထားမှုရှိနေပြီး ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် အကာကွယ်ယူမှုတွေ၊ မလိုအပ်ဘဲ IDP စခန်းတွေ ဖွင့်လှစ်ထားမှုရှိနေတယ်လို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီဥက္ကဋ္ဌ Mr.Peter Maurer ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က နေပြည်တော် ဘုရင့်တောင်ရိပ်သာမှာ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်တာပါ။

“မိမိတို့ အတွေ့အကြုံအရ သောင်းကျန်းသူများ၏ မရိုးသားမှုများကိုတွေ့ရကြောင်း၊ ဒုက္ခသည် အမည်ခံ၍ စခန်းဖွင့်လှစ်ထားမှုများ၊ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူထားမှုများ၊ ၎င်းတို့အတွက် အကာအကွယ်ရရန် ဒုက္ခသည်များအား ပြန်လွှတ်နိုင်သော်လည်း အထောက်အပံ့ရရန်အတွက် မလိုအပ်ဘဲ IDP Camp များ ဖွင့်လှစ်ထားမှုများရှိပါကြောင်း၊ တစ်ဖက်တွင်လည်း တစ်ချို့ဒုက္ခသည်များသည် အကြောင်းအမျိုးမျိုးဖြင့် ဒုက္ခသည်စခန်းများတွင် ဆက်လက်နေထိုင်လိုမှုများ ရှိနေသောကြောင့် IDP ကိစ္စရပ်များအား မှန်ကန်စွာချိန်ဆ၍ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း” ပြောဆိုခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးချုပ်ရုံး က သတင်းထုတ်ပြန်ထားပါတယ်။

IDP စခန်းတွေရှိနေတာဟာ  အဓိကမှာ ငြိမ်းချမ်းရေးရရှိဖို့ဖြစ်ပြီး  ငြိမ်းချမ်းရေးကို ရအောင်လုပ်ဆောင်နေကာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးခြင်းက အကောင်းဆုံးတယ်လို့လည်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအနေနဲ့  လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာဒေသတွေကို  သွားရောက် လုပ်ငန်းဆောင်ရွက်ရာမှာ ဒေသအာဏာပိုင် အဖွဲ့အစည်းတွေရဲ့ လက်ခံမှုနှင့် လုံခြုံရေးအရ စိတ်ချရမှုရှိရန် လိုကြောင်းပြောဆိုခဲ့ပါတယ်။

“လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာဒေသများသို့ သွားရောက် လုပ်ငန်းဆောင်ရွက်ရာတွင် ဒေသအာ ဏာပိုင်အဖွဲ့အစည်းများ၏ လက်ခံမှုနှင့် လုံခြုံရေးအရ စိတ်ချရမှုရှိရန် လိုကြောင်း၊ သောင်းကျန်းသူ အဖွဲ့များ၏ သဘောသဘာဝအရ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း အရှေ့မြောက်ဒေရှိ တိုက်ပွဲနယ်မြေသို့ ကြက်ခြေနီအလံလွှင့်၍ ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ကြက်ခြေနီတပ်ခွဲမှုးတဦး သောင်းကျန်းသူပစ်ခတ်မှု ကြောင့် သေဆုံးခဲ့ကြောင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက ထောက်ခံပါက တပ်မတော် အနေဖြင့် အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်အရေးနဲပတ်သက်ပြီးလည်း ဒေသခံတိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေအကြား ပြဿနာတွေ ဖြစ်ပွားနေတာကြောင့်  လိုအပ်တဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီပေးခြင်းကို ကန့်ကွက်ဖို့မရှိပေမယ့် ထောက်ပံ့မှုအတွက် မှတ်တမ်းတွေ ပြုစုလုပ်ဆောင်ပေးဖို့ လုပ်အပ်ကြောင်းလည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013