DVB Logo
Home
မြန်မာသတင်း
အင်းတော်ကြီးတွင် ကျောင်းသူတဦးအား အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီး
DVB
·
May 13, 2017
အင်းတော်ကြီးတွင် ကျောင်းသူတဦးအား အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီး
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ညောင်ပင်အုပ်စု၊ ဟွေလုံကျေးရွာမှာ ကျောင်းသူတဦးကို အဓ္မမပြုကျင့်မှုနဲ့ ဆရာတော်တပါးကို ဖမ်းဆီးလိုက်ပါတယ်။

ဟွေလုံကျေးရွာကျောင်းထိုင် ဆရာတော်တစ်ပါးက ကျောင်းသူတစ်ဦးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ကိုယ်ဝန်ရှိကြောင်း စမ်းသပ်တွေ့ရလို့ ကာယကံရှင်တွေဘက်က  တိုင်တန်းမှု ပြုလုပ်ခဲ့တာကြောင့် ဖမ်းဆီးခဲ့တာလို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ၂-၅-၂၀၁၇ ရက်နေ့က အသက် ၁၆ နှစ်အရွယ် ကျောင်းသူမှာ မိန်းကလေးသဘာဝအရ ဓမ္မတာမမှန်တာကြာပြီဖြစ်လို့ အစ်မဖြစ်သူက မိန်းကလေးရောဂါရှိ/မရှိ မိုးညှင်းခရိုင်ဆေးရုံမှာ ဓာတ်မှန်ရိုက်ဖို့  ဆီးစစ်ကြည့်ရာ ကိုယ်ဝန် ၄ လကျော်နေပြီဖြစ်ကြောင်း သိခဲ့ရတယ်လို့ ဆိုပါတယ်။

အကြောင်းရင်းကို မိခင်ဖြစ်သူက မေးမြန်းခဲ့ရာ ၂၀၁၇ ဇန်နဝါရီလက ကျောင်းသား/သူများကို အာဟာရတိုက်ကျွေးရာမှာ ကူညီဖို့အတွက် တရွာတည်းနေ သူငယ်ချင်းနဲ့အတူ ဘုန်းတော်ကြီးကျောင်းကို သွားရောက်ခဲ့ကြောင်း ကာယကံရှင်မိန်းကလေး က ပြန်လည် ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

ဘုန်းတော်ကြီးကျောင်းမှာ အခြားအမျိုးသမီးတွေနဲ့အတူ ပန်းကန်ဆေး၊ ရေနွေးတည်ပြုလုပ်နေချိန် သက်တော် ၅၂ နှစ်အရွယ် ဆရာတော် ဦးဥတ္တမက ကျောင်းပေါ်က ဆင်းလာပြီး မ--------- ကို ကျောင်းကျက်သရေခန်း မျက်နှာကျက်ပြင်ရာမှာ ဝိုင်းဝန်းကူညီဖို့ ခေါ်တဲ့တွက် ဒေါ်ပြုံးရီက အဖော်အဖြစ် မသန်းနွေဦးကို ထည့်ပေးရာမှာ ကျက်သရေခန်းအရောက် ဆရာတော်က တယောက်ဆိုရပြီလို့ ဆိုပြီး မသန်းနွေဦးကို လုပ်စရာရှိတာ သွားလုပ်လို့ ပြောဆိုခဲ့ကြောင်း၊ ကျောင်းပေါ်နှစ်ယောက်ထဲ ကျန်ရှိချိန် ဆရာတော်က ကျက်သရေခန်းရှိ ပေပါပေါ်တက်ကာ မျက်နှာကျက်ကို သံနဲ့ ရိုက်တယ်၊ ကျူးးလွန်ခံရသူက မျက်နှာကျက်အားတုတ်နဲ့ အောက်ကထောက်ထားပေးရတယ်၊ မျက်နှာကျက် တချပ်ပြီးသွားချိန် ဆရာတော်က အခန်းတံခါးပိတ်ပြီး ကုတင်ပေါ်ဆွဲလှဲကာ သားမယားပြုကျင့်ကြောင်း၊ ဆရာတော်က မအော်နိုင်အောင် သူ့ရဲ့လက်မောင်းနဲ့ လည်ပင်းကို ဖိထားကြောင်း ကာယကံရှင်မိန်းကလေးက မိခင်ဖြစ်သူအား ဖြစ်စဉ်ကို ပြန်လည်ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ ကျောင်းသူလေးရဲ့ မိသားစုဝင်တွေက ကျေးရွာလူကြီးတွေနဲ့ တိုင်ပင်ကာ လုံးတုံရဲစခန်းမှာ လာရောက်အမှုဖွင့်တိုင်ကြားခဲ့တာကြောင့် ဟွေလုံကျေးရွာ ဆရာတော်ဦးဥတ္တမကို ပုဒ်မ-၃၇၆ အရ ဖမ်းဆီးပြီး မေ ၁၃ ရက်နေ့က မိုးညှင်းရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013