DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ကမ်းပါးပြို၍ လူဦးရေ ၂၀၀ ကျော် နေစရာအခက်အခဲကြုံ
DVB
·
May 13, 2017
ဧရာဝတီမြစ်ကမ်းပါးပြို၍ လူဦးရေ ၂၀၀ ကျော် နေစရာအခက်အခဲကြုံ
Donate to DVB

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ အေးရွာကျေးရွာမှာ ဧရာဝတီမြစ်ကမ်းပါး ဆက်လက် ပြိုကျမှုကြောင့် အိမ်ထောင်စု ၃၈ စုက လူဦးရေ ၂၀၀ ကျော် နေထိုင်ရေး အခက်ခဲ ကြုံတွေ့နေရပါတယ်။

အဲဒီကျေးရွာမှာ ၂၀၁၆ ခုနှစ်က စတင်ပြီး ဧရာဝတီမြစ်ရေကြီးပြီးနောက် မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုကျမူကြောင့် အိမ်ထောင်စု ၃၈ စု၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီးနောက် အခုအခါမှာ နေစရာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကျေးရွာအုပ်ချူပ်ရေးမှူး ဦးသန်းနိုင်က ပြောပါတယ်။

“ကမ်းပါးပြိုတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာမြို့ကို တင်ပြထားပါတယ်။ လာတော့ကြည့်သွားပါတယ်။ ၂၀၁၆ ကမ်းပါစပြိုစဉ်ကတော့ ထောက်ပံ့မှု ပေးပါတယ်။ အခုနောက်ပိုင်း လွတ်တော်ကိုယ်စလှယ်တွေလည်း လာကြည့်ပါတယ်။ ခုချိန်ထိတော့ ဘာမှထပ်မံ ထောက်ပံတာတွေမရှိပါဘူး၊ ခုလည်းမိုးကျတော့မယ်၊ ကမ်းပါကလည်း ဆက်ပြိုနေတုန်းပါပဲ။”

ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးခင်စိုးက “ကျနော်တို့အိမ်က အရင်တုန်းကတော့ ကမ်းနဲ့ဝေးပါတယ်။ အခုတော့ ကမ်းပါးဆက်တိုက်ပြိုတော့ အိမ်ပါဖျက်လိုက်ရတယ်။ အခုလောလောဆယ်တာဘေးမှာ တဲထိုးနေပါတယ်။ ဒါပေမယ့် စိတ်မချရပါဘူး။ ဘယ်နေ့ရွှေ့ရမလဲမသိဘူး၊ နေစရာလည်း မရှိဘူးလေ၊ မြေဝယ်ဖို့က မတက်နိုင်ဘူး ဈေးကြီးတယ်။ တချို့ဆို အမျိုးတွေခြံထဲမှာ ယာယီတဲထိုးနေရပါတယ်။ အခုဆိုမိုးတွင်းရောက်တော့မယ်၊ အခက်အခဲတွေနဲ့ရင်ဆိုင်နေရကြောင်း သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ လာတော့ကြည့်ပါတယ်။ ဒါပေမယ့် ဘာမှာတော့မလုပ်ပေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013