DVB Logo
Home
မြန်မာသတင်း
ကံမမြို့နယ်တွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ ၃ ဦးသေ ၇ ဦးဒဏ်ရာရ
DVB
·
May 13, 2017
ကံမမြို့နယ်တွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ ၃ ဦးသေ ၇ ဦးဒဏ်ရာရ
1 / 7
Donate to DVB

မကွေးတိုင်း ကံမမြို့နယ်ထဲ ပြည်-ကံမ ကံမကားလမ်းမှာ ခရီးသည်တင်ယာဉ်တစီး တိမ်းမှောက်မှုကြောင့် ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှီခဲ့ပါတယ်။

မေ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ပြည်မြို့ကနေ ကံမမြို့ကို လာတဲ့ ရွှေကျွန်းသား ကားလိုင်းက ခရီးသည်တင်ယာဉ်ဟာ ကျောက်ထစ်ကုန်းဆင်းမှာ တိမ်းမှောက်မှုကြောင့် သေဆုံးဒဏ်ရာရခဲ့ကြတာပါ။

“ကားက ဆိုင်ကယ်တစီးကို ရှောင်လိုက်ရင်း အဆင်းမှာ ဘရိပ်ပေါက်ပြီး မှောက်သွားတာ။ အသံကြားကြားချင်း ကျနော်တို့ပြေးသွားတော့ အဘွားကြီးက နားတွေထဲကနေ သွေးတွေထွက်ပြီး အသက်မရှိတာ့ဘူး” လို့ အခင်းဖြစ်ပွားရာနဲ့ အနီးဆုံး ကျောက်ထစ်ကျေးရွာက ဦးခင်အုန်းက ပြောပါတယ်။

သေဆုံးသွားသူတွေက ကံမမြို့နေ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြိး အလောင်းတွေကိုတော့ ကံမမြို့က နာရေးကူညီမှု အသင်းအကူအညီနဲ့ ကံမမြို့ကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိသူတွေကိုတော့ ကံမမြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့တွေက ကံမမြို့ ပြည်သူဆေးရုံ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

အတွင်းလူနာအဖြစ် ကံမဆေးရုံမှာ အရေးပေါ်တင်လိုက်ရတဲ့ သူတွေထဲက အသက် ၆၀ အရွယ် အမျိုးသမီးတဦး ညနေ ၇ နာရီလောက်မှာ ထပ်မံသေဆုံးသွားတယ်လို့ ကံမမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းထံက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလကလည်း အဆိုပါ ပြည်-ကံမကားလမ်းပိုင်းမှာ အချုပ်ကားတစီးတိမ်းမှောက်မှုကြောင့် အကျဉ်းသူတဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013