DVB Logo
Home
မြန်မာသတင်း
တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့်သဘောတူ
DVB
·
May 13, 2017
တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့်သဘောတူ
Donate to DVB

ပြည်ထောင်စုကနေ ခွဲမထွက်ပါဘူးဆိုတဲ့ ကတိနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့ စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့်ကို သဘောတူညီနိုင်ခဲ့ပါတယ်။

မေလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်မှာ ဆွေးနွေးသဘောတူမယ့် အကြောင်းအရာတွေနဲ့ပတ်သက်ပြီး မနေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ပြည်ထာင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်း အဝေးကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ပြည်နယ်တွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကနေ ခွဲထွက်မသွားပါဘူးဆိုတဲ့ ကတိကဝတ်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်ကို သဘောတူညီနိုင်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ ပထဝီနိုင်ငံရေး မဟာဗျူဟာအနေအထားတွေအရ နိုင်ငံရဲ့ အစိတ်အပိုင်းတွေ ကွဲမထွက်ဖို့၊ ခွဲမထွက်ဖို့ အရေးကြီးပါတယ်။ အဲဒီအရေးကြီးတဲ့အပေါ်မှာ ကျနော်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရမယ်။ တဖက်ကလည်း ပြည်ထောင်စုကြီးနဲ့ ဥမကွဲ၊ သိုက်မပြတ် နေထိုင်သွားကြမယ်ဆိုပြီးတော့ မူဝါဒနဲ့ သဘောတူညီမှုရ ခဲ့တယ်။ တဖက်မှာ ကျနော်တို့က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တန်းတူရေး၊ ဖက်ဒရယ် အခွင့်အရေးတွေရသလို၊ တဖက်မှာလည်း ဒီနိုင်ငံက ခွဲမထွက်ဘူးဆိုတဲ့ ကတိနဲ့ အပြန်အလှန် ဒီသဘောတူညီမှုကို ရခဲ့တာပါ။”

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကနေ တင်ပြလာတဲ့ အချက်တွေထဲက နိုင်ငံရေးကဏ္ဍနဲ့ ပတ်သက်ပြီး အချက် ၂၁ ချက်၊ စီးပွားရေးကဏ္ဍနဲ့ပတ်သက်ပြီး အချက် ၁၀ ချက်၊ လူမှုရေး ကဏ္ဍနဲ့ ပတ်သက်ပြီး အချက် ၄ ချက်၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ကဏ္ဍနဲ့ ပတ်သက်ပြီး အချက် ၆ ချက်ကို UPDJC အစည်းဝေးမှာ ဆွေးနွေးတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီသဘောတူညီချက်တွေကိုတော့ လာမယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံမှာ အတည်ပြုပြီး ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ လက်မှတ်ရေးထိုး မှတ်တမ်းတင်သွားမယ်လို့လည်း ပြောပါတယ်။

“Setion တခုပြီးတိုင်းပြီးတိုင်း ထွက်လာတဲ့ဟာသည် ပြည်ထောင်စုသဘောတူစာချုပ်ကြီးရဲ့ အစိတ်ပိုင်းလေးတွေဖြစ်သွားပါမယ်။ အဲဒီအစိတ်ပိုင်းလေးတွေ စုစုပြီးတော့ နောက်ဆုံးကြတော့ ပြည်ထောင်စု သဘောတူစာချုပ်ကြီးတခု ဖြစ်သွားပါမယ်။ အဲသဘောကိုဆိုလိုတာပါ။ ”

မေလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှာတော့ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ လက်နှက်ကိုင်အဖွဲ့အားလုံးကို အထူးဧည့်သည်အနေနဲ့ ဖိတ်ကြားသွားမှာဖြစ်ပြီး ပါဝင်ဆွေးလိုတဲ့ အဖွဲ့တွေအနေနဲ့ ကြားကာလအတွင်း အစိုးရအဖွဲ့နဲ့ ဆွေးနွေးပြီး သဘောတူညီချက်ရရှိဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013