DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့်လွှတ်တော်အမတ်များ ပိုင်ဆိုင်မှုထုတ်ပြန်ပါက ကြံ့ခိုင်ရေးက ပိုင်ဆိုင်မှု ကြေညာမည်
DVB
·
May 13, 2017
အစိုးရနှင့်လွှတ်တော်အမတ်များ ပိုင်ဆိုင်မှုထုတ်ပြန်ပါက ကြံ့ခိုင်ရေးက ပိုင်ဆိုင်မှု ကြေညာမည်
Donate to DVB


by dvburma
အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုထုတ်ပြန်ရင် သူတို့ဘက်ကလည်း ထုတ်ပြန်ကြေညာဖို့ ၀န်လေးမှာ မဟုတ်ဘူးလို့ ကြံ့ခိုင်ရေးပါတီက ပြောကြားလိုက်ပါတယ်။

မေလ ၁၂ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အရင် ပါတီဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်က ၀န်ကြီးချုပ်တွေရဲ့ ငွေကြေးအရှုပ်အရှင်းကိစ္စ၊ ပါတီအပေါ် စွပ်စွဲပြောဆိုနေတာတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောတာပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ပိုင်ဆိုင်မှုထုတ်ပြန်ကြေညာဖို့ ရှိသလားလို့ မီဒီယာသမားတဦးရဲ့ မေးမြန်းချက်ကို ပါတီရဲ့ ဗဟိုအတွင်းရေးမှုးလည်းဖြစ်၊ အရင်အစိုးရလက်ထက် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်တဲ့ ဦးတင်အောင်ချစ်က အခုလို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။

"ဒီနေ့တည်ရှိနေတဲ့ အသင်းအဖွဲ့တွေ၊ ပါတီတွေနဲ့ အရင်ကလည်း ကျယ်ကျယ်လောင်လောင် အော်ခဲ့ကြတယ်၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုတွေရော ထုတ်ပြန်ကြေညာနိုင်တဲ့ အဆင့်ရှိပြီလား။ အဲဒီလိုရှိခဲ့ပြီဆိုရင်တော့ ကျနော်တို့ဘက်ကလည်း ထုတ်ပြန်ပေးဖို့ ၀န်လေးမှာ မဟုတ်ပါဘူး။"

ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက အခုပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်တဲ့ ဦးဝင်းမြင့်က အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှု ထုတ်ပြန်ကြေညာပေးဖို့ လွှတ်တော်မှာ အဆိုတင်ခဲ့ပေမေယ့် ရှုံးနိမ့်ခဲ့ပါတယ်။

လက်ရှိအစိုးရလက်ထက် ဦးဝင်းမြင့် လွှတ်တော်ဥက္ကဋ္ဌတာဝန်ယူချိန် သတင်းစာရှင်း လင်းပွဲတခုမှာ အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုထုတ်ပြန်ဖို့ မေးမြန်းတာမှာ အန္တရာယ်ရှိနိုင်တဲ့အတွက် ထုတ်ပြန်ကြေညာဖို့ မဖြစ်နိုင်ဘူးလို့ ပြောဘူးပါတယ်။

နေဖြိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013