DVB Logo
Home
မြန်မာသတင်း
အန်စီအေအရေးနှင့်ပတ်သက်ပြီး UNFC မူတိုင်းသွားမည်ဟု မွန်ပြည်သစ်ပါတီဆုံးဖြတ်
DVB
·
May 12, 2017
အန်စီအေအရေးနှင့်ပတ်သက်ပြီး UNFC မူတိုင်းသွားမည်ဟု မွန်ပြည်သစ်ပါတီဆုံးဖြတ်
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ် (အန်စီအေ) နဲ့ပတ်သက်ပြီး ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီး (ယူအန်အက်ဖ်စီ) မူအတိုင်းသာ ဆက်လက်ရပ်တည်သွားမယ်လို့ မွန်ပြည်သစ်ပါတီက ဆုံးဖြတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကျင်းပပြီးစီသွားတဲ့ ဗဟိုကော်မီတီအစည်းအဝေးအတွင်း ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး မွန်နိုင်ငံရေးပါတီ ပေါင်းစည်းရေးအတွက်လည်း ဆက်လက်ပြီး နည်းလမ်းရှာဖွေ ကြိုပမ်းသွားမယ်လို့လည်းဆုံးဖြတ်ခဲ့ကြပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ ဌာနချုပ် ရေးချောင်းဖျားမှာ  ဧပြီလ ၂၅ ရက်နေ့ကနေ မေလ  ၈ ရက်နေ့အထိ ဗဟိုကော်မတီအစည်းအဝေးကို အတွင်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီ မှုရယူခဲ့ပြီး နယ်ခြားစောင့်တပ်ပြောင်းလဲ ဖွဲ့စည်းရေးကို လက်မခံခဲ့တာကြောင့် ၂၀၁၀ စက်တင်ဘာလကစလို့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့ပါတယ်။

၂၀၁၂ ဖေဖော်ဝါရီမှာ ပြည်တောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ အပစ်အခတ်ရပ်စဲရေးပဏာမသဘောတူညီမှု လက်မှတ်ထိုးရေးထားတဲ့ တိုင်းရင်သား လက်နက်ကိုင်အဖွဲတဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013