DVB Logo
Home
မြန်မာသတင်း
ရေပူဂိတ်တွင် တရားမဝင်သစ်သယ်လာသည့် ကား ၃ စီးနှင့် မူးယစ်ဆေးများ ဖမ်းမိ
DVB
·
May 12, 2017
ရေပူဂိတ်တွင် တရားမဝင်သစ်သယ်လာသည့် ကား ၃ စီးနှင့် မူးယစ်ဆေးများ ဖမ်းမိ
1 / 5
Donate to DVB

ရှမ်းမြောက် လားရှိုး-သိန္နီကြားရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှာ တရားမဝင်သစ်တွေနဲ့  မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့တယ်လို့ ရေပူ အကောင်ခွန်ဒုညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောပါတယ်။

“ သစ်တွေကတော့ အများကြီး မဟုတ်ပါဘူး၊ အတိုလေးတွေပါ။ သစ်က sufe တစီးရယ်၊ မှန်လုံနဲ့ တင်လာတဲ့ တစီးရယ်၊ probox တစီးရယ် စုစုပေါင်း သုံးစီးမိတယ်။ မူးယစ်ဆေးဝါးကတော့ ဆိုင်ကယ်နဲ့မိတာ၊ ဒီမနက် ၁၀ နာရီခွဲလောက်မှာပေါ့။ အဲမူးယစ်ဆေးဝါးတွေက ယာဘဆေးပြားတွေပါတယ်။ အလုံးရေတော့ မသိရသေးဘူး။ သိပ်တော့ များပါဘူး။ မူးယစ်ဆေးဝါးက တစ်ယောက်။ သစ်ကား ၃ စီးဆိုတော့ ၃ ယောက်ပေါ့ ဖမ်းမိတယ်” လို့ ပြောပါတယ်။

လက်ရှိ ဖမ်းဆီးရမိတဲ့ လူ ၄ ဦးကို သိန္နီရဲစခန်းမှာ သွားရောက် အပ်နှံမှာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ သစ်တွေကိုလည်း သစ်တောဦးစီးဌာနကို ပို့သွားမယ်လို့ ဆိုပါတယ်။

ရေပူစစ်ဆေးရေးစခန်ကို ဇန်နဝါရီ ၁၆ ရက်နေ့က စတင်ဖွင့်လှစ်ပြီးနောက် လက်ရှိအချိန်ထိ ဖမ်းဆီးရမိတဲ့ တရားမဝင်ပစ္စည်းတန်ဖိုးပေါင်း ကျပ်သိန်း ၃ သောင်းခွဲဝန်းကျင်ရှိပြီလို့ သိရပါတယ်။

နိုင်နိုင်

ဓာတ်ပုံ- ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013