DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတွင် ဆိုင်ကယ်နှင့်ကားတိုက်မိ၊ ၁ ဦးသေ
DVB
·
May 12, 2017
ဝမ်းတွင်းတွင် ဆိုင်ကယ်နှင့်ကားတိုက်မိ၊ ၁ ဦးသေ
1 / 4
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်၃၅၈/၇အနီးမှာ ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က ဆိုင်ကယ်နောက်ပိုင်းကို ကုန်တင်ကားက ဝင်တိုက်ခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်း ကပြောပါတယ်။

ရဲအုပ်မောင်မောင်လွင်က “ဆိုင်ကယ် မောင်းလာတဲ့ တင့်လွင်ဦးနဖူးပေါက်တယ်။ ဘယ်ဘက်နားထင်က သွေးထွက်နေတယ်။ ဘယ်ဘယ်ဒူးနဲ့ ခြေထောက်တွေ ဒဏ်ရာရပြီး သေဆုံးတယ်။ နောက်ခုံကထိုင်စီးလာတဲ့ မျိုးလင်းအောင် ခေါင်းနောက်စေ့ ပေါက်တယ်။ ခြေထောက်တွေပွန်းပဲ့တယ်။ ၀မ်းတွင်းဆေးရုံပို့ပေးရတယ်။ တိုက်ပြီးမောင်းပြေးတဲ့ ကားကို တိုးဂိတ်မှတ်တမ်းတွေကြည့်တယ်။ သက်ဆိုင်ရာတွေ မေးမြန်းစုံစမ်းနေပါတယ်” လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးတင်ဆင့် က “ညောင်အုပ်ဖီးအုပ်စု စွန်ချောင်းရွာကို နာကူကားမောင်းပို့ပေးတယ်။ သေဆုံးသူရဲ့ညီ ပိုက်ဆံလိုတယ် ဖုန်းဆက်တာကိုသွားပေးပြီး အပြန် ကားကနောက်ကနေ ဝင်တိုက်သွားတယ်။ မိုးရွာနေတုန်း အခင်းဖြစ်သွားတယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက အမှုအမှတ် ယာဉ် (ပ)၁၅/၂၀၁၇ ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးတဲ့ ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) နဲ့ ပြင်ထန်းဒဏ်ရာရတဲ့ ရာဇသတ်ကြီးပုဒ်မ-၃၃၈၊ ထွက်ပြေးတိမ်းရှောင်မှု ရာဇသတ်ကြီးပုဒ်မ-၂၀၂တို့နဲ့ အမှုဖွင့်ဆောင်ရွက်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013