DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ အိမ် ခြံ မြေ အရောင်းအဝယ်နှင့် အငှားဈေးကွက် ကျဆင်း
DVB
·
May 12, 2017
Donate to DVB

မြို့တွင်း ၆ မြို့နယ်ကလွဲပြီး ရန်ကုန်မြို့တွင်းက တခြားနေရာတွေမှာ အိမ် ခြံ မြေ အရောင်းအဝယ်နဲ့ အငှားဈေးနှုန်းတွေ ကျဆင်းလာပါတယ်။

ရန်ကုန်မြို့ရဲ့ အိမ် ခြံ မြေ အရောင်းအဝယ်နဲ့ အငှားဈေးကွက် နှစ်ခုစလုံးက ကျဆင်းနေပြီး ဝယ်ယူသူတွေ နည်းနေတဲ့အပြင် အိမ်ခြံမြေ ငှားရမ်းသူတွေလည်း နည်းပါးလာတဲ့အတွက် ခုလို အိမ်ခြံမြေဈေးကွက်က ကျဆင်းလာတာပါလို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက် အခြေအနေကတော့ မြို့တွင်း ၆ မြို့နယ်နဲ့ လုပ်ငန်းလုပ်ကိုင်လို့ကောင်းတဲ့ နေရာတွေကလွဲပြီး တခြားနေရာတွေမှာတော့  အရောင်းအဝယ်နဲ့ အငှားဈေးကွက် ၂ ခုစလုံး ကျဆင်းနေတဲ့အပြင် ဈေးနှုန်းတွေပါ ကျဆင်းနေပါတယ်။

“အိမ်ခြံမြေတန်ဖိုးက နည်းနည်းလေးကျဆင်းနေတော့ အိမ်ငှားဈေးမှာလည်း နည်းနည်းကျတယ်လို့ ပြောစရာရှိပါတယ်။ သို့သော်လည်းပဲ ဝယ်လိုအား၊ နေလိုအား များတဲ့ ရန်ကုန်မြို့ရဲ့ ဒေါင်းတောင်း မြို့လယ်ကောင် ၆ မြို့နယ်လို နေရာမျိုးတွေ၊ လုပ်ငန်းကိုင်ငန်းကောင်းတဲ့ ပင်မနေရာမျိုးတွေဆိုရင် ဈေးက သိပ်မကျသေးဘူးပေါ့လေ။ မဖြစ်မနေ ရောင်းကြဝယ်ကြတာကလွဲရင်၊ နောက်တခုကလည်း ငှားကြတာကလွဲရင်ပေါ့ ဈေးကွက်က သိပ်ပြီးကောင်းနိုင်သေးတယ်လို့ မပြောနိုင်သေးပါဘူး” လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒု-ဥက္ကဋ္ဌ ဦးသန်းဦးက ပြောပါတယ်။

အိမ်ခြံမြေ အရောင်းအဝယ်နဲ့ အငှားဈေးကွက် ၂ ခုစလုံးက မကောင်းတဲ့အတွက် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတချို့ ပိတ်သိမ်းရတာတွေလည်း ရှိနေတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒု-ဥက္ကဋ္ဌ ဦးသန်းဦးက ပြောပါတယ်။

“အိမ် ခြံ မြေလုပ်ငန်းမှာလည်း အိမ် ခြံ မြေ ဈေးကွက်ကို အမှီပြုပြီး လုပ်ဆောင်နေတဲ့ ဝန်ဆောင်မှုလုပ်ငန်းသမားတွေအနေနဲ့က အခက်အခဲရှိတာပေါ့။ အစဉ်အလာကြီးမားတဲ့၊ သဘာရှိတဲ့၊ တချိန်တည်းမှာပဲ အရင်းအနှီး တောင့်တင်းတဲ့ လူတွေဆိုရင် ခံနိုင်ရည်ရှိတယ်ပေါ့။ အခုမှ လုပ်ကြတဲ့သူတွေ၊ အရင်းအနှီးသေးသေးနဲ့ တကိုယ်ရေတကာယ လုပ်ကြတဲ့သူတွေလည်း ရှိပါတယ်။ ပြောရမယ်ဆိုရင် ရရှိတဲ့ ဈေးကွက်ပေါ်မှာ အလုအယက်ဝင်ပြီး ဆောင်ရွက်ကြတဲ့အခါမျိုး ဖြစ်တာပေါ့။ အဲဒီတော့ အခက်အခဲတွေ အများကြီးရှိပါတယ်။ တချို့လည်း တော်တော်များများကတော့ ဒီနယ်ပယ်ကနေ ဖယ်ခွာသွားသူတွေလည်း အများကြီးပဲ။”

နှစ်စဉ် မိုးရာသီဆိုရင်တော့ အိမ်ခြံမြေ အရောင်းအဝယ်နဲ့ အငှားဈေးကွက်က ပိုမိုကျဆင်းတတ်ပြီး ဒီနှစ် မိုးတွင်းမှာတော့ အရင်နှစ်တွေထက် ပိုမိုကျဆင်းဖို့ ရှိနေတယ်လို့ အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013