DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် ဖွံ့ဖြိုးရန် ​​ကျောက်မီး​သွေး လျှပ်​စစ်​စက်​ရုံတည်​​ဆောက်မှု လက်ခံသင့်ဟုဆို
DVB
·
May 12, 2017
ကရင်ပြည်နယ် ဖွံ့ဖြိုးရန် ​​ကျောက်မီး​သွေး လျှပ်​စစ်​စက်​ရုံတည်​​ဆောက်မှု လက်ခံသင့်ဟုဆို
1 / 6
Donate to DVB

ကရင်ပြည်နယ်၊ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လိုအပ်လျက်ရှိတဲ့ USC နည်းပညာနဲ့ ထုတ်လုပ်တာ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်လုပ်တာကို စိုးရိမ်ပူပန်ဖို့ မလိုသလို လက်ခံသင့်ကြောင်း ဧပြီ ၁၂ ရက်နေ့မှာ ကေအန်ယူ တပ်မဟာ(၆) ခရိုင်ဥက္ကဋ္ဌ ဦးစောရွှေမောင်းက ပြောပါတယ်။

ဂျပန်နိုင်ငံမှာ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို ဧပြီ ၇ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ လာရောက်ပြီး လေ့လာတွေ့ရှိချက်တွေအပေါ် သုံးသပ်ပြောကြားသွားတာ ဖြစ်ပါတယ်။

“နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထုတ်မယ်ဆိုရင် ငါတို့ဒေသအတွက် အကျိုးရှိစေမှာမို့လို့ လူထုတွေကလည်း အမှောင်ထဲပိတ်ပြီး နေမယ့်အစား ငါတို့ဒေသ ဖွံ့ဖြိုးဖို့၊ စက်မှုခေတ် ဖြစ်ဖို့က စက်ယန္တရားလည်ပတ်နိုင်ဖို့အတွက် မီးအားက အဓိက ဒီဟာကိုတို့တစ်တွေအားလုံးက စဉ်းစားပြီး အပြောင်းအလဲပေါ်မှာ လက်ခံဖို့သင့်တဲ့အကြောင်း ပြောချင်တယ်။”

ကရင်ပြည်နယ်အနေနဲ့ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ နှိုင်းယှဉ်ကြည့်ရင် လျှပ်စစ်ဓာတ်အားရရှိမှုအနေနဲ့ ၆ ရာခိုင်နှုန်းတာရရှိပြီး၊ အာဆီယံနိုင်ငံအတွင်း နိုင်ငံတွေထဲမှာဆို မြန်မာနိုင်ငံဟာ လျှပ်စစ်ရရှိသုံးစွဲမှုအနေနဲ့ အနည်းဆုံးဖြစ်ပြီး လူတဦးချင်း လျှပ်စစ် ရယူသုံးစွဲမှုအနေနဲ့ ၁ နာရီကို ၁၅၆ ယူနစ်တာ သုံးစွဲနေရကြောင်း စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီး ဌာနက ကမ္ဘာ့ဘဏ်ကို ပေးပို့တဲ့ စစ်တမ်းတွေအရ သိရပါတယ်။

ကရင်ပြည်နယ်အတွင်း ဒေသခံပြည်သူတွေက ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်လုပ် သုံးစွဲလာမှာကို ကန့်ကွက်နေတဲ့အပေါ် ဂျပန်နိုင်ငံရဲ့ USC နည်းပညာနဲ့ ထုတ်လုပ်သုံးစွဲနေမှုကို တိကျတဲ့ သတင်းအချက်အလက်တွေ လေ့လာသိရှိနိုင်ဖို့အတွက် ပြည်နယ်အစိုးရရဲ့ စီစဉ်ပေးမှုနဲ့ နယ်မြေခံဆရာတော်၊ ကေအန်ယူ တပ်ဖွဲ့ဝင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီအက်စ်အို သတင်းမီဒီယာတွေက သွားရောက်လေ့လာရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါလေ့လာရေးအဖွဲ့ကို ဂျပန်နိုင်ငံမှာ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်လုပ်မှု မဂ္ဂါဝပ် ၄၁၀၀ ထွက်ရှိတဲ့ အကြီးဆုံး ဟန်ကီနန်စက်ရုံနဲ့ မဂ္ဂါဝပ် ၁၀၀၀ ထွက်ရှိတဲ့ မီဆုမီစက်ရုံအတွင်းက ဘွိုင်လာ၊ တာဘိုင်၊ ပါဝါဂျန်နရေတာ၊ ကျောက်မီးသွေး သိုလှောင်ကွင်းပြင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အပံ့၊ စက်ရုံအနီး ရေနေသတ္တဝါတွေ၊ ဒေသခံတွေကို လူနေမှု အခြေအနေတွေ လိုက်လံရှင်းလင်းပြပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်လုပ်တဲ့ စက်ရုံပေါင်း ၂၈ ရုံထိ ရှိပြီး၊ ကရင်ပြည်နယ်မှာ TTCL ကုမ္ပဏီက ၁၂၈၀ မဂ္ဂါဝပ် ထွက်ရှိမယ့် ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံကိုလည်း နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်း တည်ဆောက်သွားမယ်လို့ Mr.Hironobu Iriya(President & CEO of TTC L Public Co;Ltd)က ဒီဗွီဘီကို ပြောပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013