DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့်ဘုန်းကြီးကျောင်းများ ပျက်စီး
DVB
·
May 12, 2017
ကနီမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့်ဘုန်းကြီးကျောင်းများ ပျက်စီး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှာ မေလ ၁၁ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ လေကြောင့် လူနေအိမ် ၃၃ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ အခြားပျက်စီးမှု ၁၂ ခု၊ စုစုပေါင်း ၄၆ ခု ပျက်စီးခဲ့ပါတယ်။

ကနီမြို့၊ အမှတ် ၃ ရပ်ကွက်နဲ့ ကင်း၊ စိုင်တဲ၊ ပွင့်ကား၊ ကူးဆိပ် စတဲ့ ကျေးရွာတွေမှာစတဲ့ ကျေးရွာတွေမှာ ပျက်စီးခဲ့တာဖြစ်ပြီး ကူးဆိပ်ရွာမှာတော့ လေထဲက လွင့်လာတဲ့ သွပ်မှန်ပြီး ကျွဲ ၁ ကောင် သေဆုံးခဲ့သလို လူ ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ လဲပြိုတာတွေရှိခဲ့ပြီး အများစုကတော့ အမိုး၊ အကာတွေ လေလန်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ပျက်စီးဆုံးရှုံးသွားတဲ့ အခြေအနေတွေကို သက်ဆိုင်ရာက သွားရောက်စစ်ဆေးနေပြီး ကူညီထောက်ပံ့နိုင်အောင် စီစဉ်နေပါတယ်။

ကနီမြို့နယ်မှာ အခုလအတွင်း လေပြင်းဒဏ်ခံရမှုက ၄ ကြိမ်အထိရှိခဲ့ပြီ ဖြစ်ပါတယ်။ အိမ်ခြေ ၄၀၀ ကျော်နဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးခဲ့ပါတယ်။ စာသင်ကျောင်းပျက်စီးမှုက ကနီမြို့နယ်မှာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက ဟုမ္မလင်းမြို့နယ် ဖြစ်ကာ တတိယကတော့ တမူးမြို့နယ် ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မတ်လကုန်ခါနီးကတည်းက ဒီနေ့အထိ လေပြင်းဒဏ်ခံစားရတာ ၂၄ မြို့နယ်ရှိပြီး အိမ်ထောင်စု ၂၄၀၀ ကျော်ရှိခဲ့ပြီ ဖြစ်ပါတယ်။

အစိုးရက လေဘေးသင့် အိမ်ထောင်စုတွေကို ကျပ်သိန်းပေါင်း ၁၀၀၀ ကျော် ထောက်ပံ့ထားပြီးဖြစ်တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဌာနက စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013