DVB Logo
Home
မြန်မာသတင်း
မီးပလပ်ခုံအပူလွန်ကဲရာမှ ဆိုင်ခန်း ၃ ခန်းနှင့် ဆိုင်ကယ်တစီး မီးလောင်
DVB
·
May 12, 2017
မီးပလပ်ခုံအပူလွန်ကဲရာမှ ဆိုင်ခန်း ၃ ခန်းနှင့် ဆိုင်ကယ်တစီး မီးလောင်
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ ရန်ကုန် မော်လမြိုင်ကားလမ်းဘေးမှာ  မေ ၁၂ ရက်နေ့၊ မနက် ၁ နာရီလောက်က မီးပလပ်ခုံ အပူလွန်ကဲရာမှ ဆိုင်ခန်း ၃ ခန်းနဲ့ မော်တော်ဆိုင်ကယ်တစီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

“ဖြစ်တာက သမဝါယမအသင်းရုံးခွဲပိုင်ဆိုင်ခန်းမှာ သုံးတဲ့ မီးပလပ်ခုံကနေ အပူလွန်ကဲပြီး လောင်တာပါ။ မီးပလပ်ခုံတခုတည်းမှာ အသုံးပြုတာတွေကများလာတဲ့အတွက် ကာလကြာလာ တော့ ဖြစ်တာပါ။ နောက်တစ်ခုက ဆိုင်ခန်းတွေမှာ ညဘက်လူကမနေတော့ ပိုဆိုးတာပေါ့။ လူနေရင်တောင်ဖြစ်ဖြစ်ချင်းသိရင် အမြန်ငြိမ်းလိုက်နိုင်ပါတယ်” လို့ သထုံခရိုင်မီးသတ်တပ်ဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းကပြောပါတယ်။

မီးလောင်ရာနေရာကို သထုံခရိုင်မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၅ စီး နဲ့အတူ ပြည်သူတွေ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မိနစ် ၂၀ အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး မီးပေါ့ဆစွာအသုံးပြုသူကို သထုံမြို့မရဲစခန်းက အမှုဖွင့်နိုင်ရေး စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013